လိင်စော်ကားမှုနဲ့ ကန်အမတ်နုတ်ထွက်ရ

 လွှတ်တော်ကို ဇနီးသည်နဲ့ အတူ ရောက်လာတဲ့ Franken
အမေရိကန် ပြည်ထောင်စုမှာဒီမိုကရက် အမတ် Al Franken ဟာ လိင်ပိုင်းဆိုင်ရာမဖွယ်မရာ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဆီးနိတ် အမတ် အဖြစ်ကနေ လာမယ့် သီတင်းပတ်တွေ အတွက် နုတ်ထွက်မယ်လို့သူက ပြောပါတယ်။

သူအပြုအမူအပေါ် အမျိုးသမီး တချို့ရဲ့ တိုင်တန်းချက်တွေကို အံ့သြ တုန်လှုပ်မိတယ်လို့ သူက ဆိုပြီး အဲဒီ တိုင်တန်းချက်တွေမှာ မမှန်ကန်တဲ့ အချက်တချို့နဲ့ သူဖာသာသူတောင် ပြန်သတိမရတဲ့ အချက်တွေ ပါတယ်လို့ ဆီးနိတ်အမတ်တွေက သူက ပြောကြားခဲ့ပါတယ်။

သူရာထူးက နုတ်ထွက်လိုက်တာဟာ လူအများ မထင်ထားတဲ့ လုပ်ရပ်ဖြစ်ပြီး လိင်စော်ကားမှုအကြောင်း တိတ်ခွေပေါ်မှာ ကြွားဝါပြောခဲ့တဲ့ သမ္မတ ထရမ့် ကတော့ ရာထူးမှာ ဆက်ရှိနေသေးတယ် ဆိုတာ ပြသလိုက်တာဘဲလို့ Franken ဖရန်ကန်က ပြောပါတယ်။

မစ္စတာ ဖရန်ကန် ဟာ အခု သီတင်းပတ်အတွင်း လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှု အရှုတ်တော်ပုံကြောင့် ရာထူးကနုတ်ထွက်သွားရတဲ့ ဒုတိယမြောက် ဒီမိုကရက် အမတ် ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
လိင်စော်ကားမှုနဲ့ ကန်အမတ်နုတ်ထွက်ရ လိင်စော်ကားမှုနဲ့ ကန်အမတ်နုတ်ထွက်ရ Reviewed by THITHTOOLWIN on 08:06 Rating: 5
Powered by Blogger.