ထိုင်း အစိုးရ နဲ့ စစ်တပ် ခေါင်းဆောင်ဟောင်းတွေ ဖမ်းဝရမ်းထုတ်ခံရ

(ပုံ) ထွက်ပြေးနေသူ Penkair . (Photo Credit: The Nation )
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၁၄ ခုနှစ် ပဋိပက္ခတွေအတွင်းက ဖွက်ထားခဲ့တယ်လို့ ယူဆရတဲ့ လက်နက်အများအပြားကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ပတ်သက် ဆက်နွယ်မှုရှိသူတွေအဖြစ် သံသယရှိသူ ၅ ဦးကို ကြာသပတေးနေ့မှာ အစိုးရတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

အဲဒီသူတွေထဲမှာ ဝန်ကြီးချုပ်ဟောင်း Thaksin သတ်ဆင်လက်ထက်က အစိုးရပြောခွင့်ရသူနဲ့ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီးနောက် အခုပြည်ပကို ထွက်ပြေးနေတဲ့ Penkair ပင်ကဲ ဆိုသူလည်း ပါဝင်ပါတယ်။ ဖမ်းဝရမ်း ထုတ်ခံရသူ နောက်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း Manas Paolik မနပ်စ် ပေါင်လစ် ကတော့ လာရောက်အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။ သူဟာ သတ်ဆင် လက်ထက်က အမှတ် ၃ တပ်မတော် ရဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ သူ့ကို အခု တရားမဝင်လက်နက် ကိုင်ဆောင်မှုအပြင် ပြစ်မှုကျူးလွန်ရန် ဦးဆောင်စည်းရုံးခဲ့မှုနဲ့ စွဲချက်တင်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်း အစိုးရ နဲ့ စစ်တပ် ခေါင်းဆောင်ဟောင်းတွေ ဖမ်းဝရမ်းထုတ်ခံရ ထိုင်း အစိုးရ နဲ့ စစ်တပ် ခေါင်းဆောင်ဟောင်းတွေ ဖမ်းဝရမ်းထုတ်ခံရ Reviewed by THITHTOOLWIN on 08:03 Rating: 5
Powered by Blogger.