ဆော်ဒီမှာ ထိန်းသိမ်းခံထားရသူတွေ တရားရုံးပြင်ပ ကြေအေးနေ

 ဇိမ်ခံ ဟိုတယ်မှာ ထားရှိ
ဆော်ဒီအာရေဗျ နိုင်ငံမှာ ခြစားမှုတိုက်ဖျက်ရေး အတွက် ဆိုပြီး မကြုံစဖူး လုပ်ဆောင် ခဲ့တာတွေထဲ ဖမ်းဆီး ခံခဲ့ကြရသူ အများစုဟာ တရားရုံး ပြင်ပ ကြေအေးနိုင်ဖို့ အစိုးရနဲ့ကြား သဘောတူမှုတွေ ရယူခဲ့ပါတယ်။

ပုဒ်မတပ် တရားစွဲဆို ခံရတာမျိုးကနေ ရှောင်လွှဲ နိုင်ဖို့ အတွက် တော်တော်များများက သဘောတူမှုတွေ ရယူခဲ့ကြောင်း ဆော်ဒီ အစိုးရရှေ့နေက အတည်ပြု ပြောဆိုပါတယ်။

အကျင့်ပျက် ခြစားတယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သက်သေ လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ် ထားသူပေါင်း လောလောဆယ်အထိ လူပေါင်း ၃၂ဝ အထိ ရှိတယ်လို့လည်း အဲဒီ အစိုးရ ရှေ့နေက ပြောပါတယ်။
ဖမ်းဆီးတာတွေ ဦးဆောင်လုပ်သူ အိမ်ရှေ့စံ မိုဟာမက်ဒ် ဆာလ်မန်း
လက်ရှိ ထိန်းသိမ်း ထားသူပေါင်း ၁၅၉ ယောက် ရှိပြီး၊ အဲဒီထဲက တချို့ကိုတော့ ရုံးတင် တရားစွဲ သွားမှာ ဖြစ်ပါတယ်။

ထိန်းသိမ်း ခံထားရသူတွေထဲ တော်ဝင်မင်းသားတွေ၊ ဘီလီယံနာ သူဌေးတွေ ပါဝင်ပြီး၊ အဲဒီထဲက တော်တော်များများကို ရီယာ့ဒ်မြို့တော်မှာ ရှိတဲ့ ဇိမ်ခံ ဟိုတယ်တစ်လုံးမှာ ထားရှိ ထားတာ ဖြစ်ပါတယ်။
မင်းသား မီတာ့ဘ် ပြန်လွတ်လာ
ထိန်းသိမ်းခံ ခဲ့ရသူတွေထဲ နာမည်အကြီးဆုံး တစ်ယောက်ဖြစ်တဲ့ မင်းသား မီတာ့ဘ် ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ ပြန်လွတ်လာပြီး၊ ဒေါ်လာ သန်းတစ်ထောင် အစိုးရကို ပြန်လွှဲ ပေးခဲ့တယ်လို့ အဲဒီက လာတဲ့ သတင်းတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆော်ဒီမှာ ထိန်းသိမ်းခံထားရသူတွေ တရားရုံးပြင်ပ ကြေအေးနေ ဆော်ဒီမှာ ထိန်းသိမ်းခံထားရသူတွေ တရားရုံးပြင်ပ ကြေအေးနေ Reviewed by THITHTOOLWIN on 09:27 Rating: 5
Powered by Blogger.