ဂျေရူဆလင်မ်ကို အမေရိကန်သံရုံး မရွှေ့ဖို့ တောင်းဆို

ပါလက်စတိုင်း နိုင်ငံသစ် ဖြစ်ထွန်းလာရင် အရှေ့ ဂျေရူဆလင်မ်ကို မြို့တော် အဖြစ် သတ်မှတ်မယ်လို့ ကြေညာ ထား
အစ္စရေး နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးကို ဂျေရူဆလင်မြို့မှာ ပြောင်းရွှေ့ ထားရှိလာမယ် ဆိုရင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ထိခိုက် သွားလိမ့်မယ် ဆိုပြီး ပါလက်စတိုင်း၊ အီဂျစ် နဲ့ ဂျော်ဒန် ခေါင်းဆောင်တွေက သမ္မတ ထရမ့်ကို သတိပေး ပြောဆို လိုက်ပါတယ်။

သမ္မတထရမ့် အနေနဲ့ ဂျေရူဆလင်မ်ကို အစ္စရေးရဲ့ မြို့တော် အဖြစ် အသိအမှတ် ပြုလာဖွယ် ရှိတယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်နေချိန်မှာပဲ၊ အဲဒီ အရှေ့အလယ်ပိုင်း ခေါင်းဆောင် ၃ ယောက် ထံကို သမ္မတ ထရမ့်က ဖုန်းနဲ့ ဆက်သွယ်ပြီး သံရုံး ပြောင်းရွှေ့လိုတဲ့ သူ့ရဲ့ ဆန္ဒကို အသိပေး ခဲ့ပါတယ်။

ဂျေရူဆလင်မ်ကို အမေရိကန်သံရုံး ရွှေ့မယ် ဆိုတဲ့ ထရမ့်ရဲ့ အငြင်းပွားဖွယ် အစီအစဉ် အပေါ် နိုင်ငံတကာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးမြင့် ရှိလာနေပါတယ်။
ထရမ့်ရဲ့ အငြင်းပွားဖွယ် အစီအစဉ် အပေါ် နိုင်ငံတကာ ဝေဖန်
ဂျေရူဆလင်ကို အစ္စရေးက သူတို့ရဲ့ မြို့တော်အဖြစ် အမြဲ သဘောထား နေခဲ့ပြီး၊ ပါလက်စတိုင်း တွေကတော့ သူတို့ ကိုယ်ပိုင် နိုင်ငံသစ် ဖြစ်ထွန်းလာရင် အရှေ့ ဂျေရူဆလင်မ်ကို မြို့တော် အဖြစ် သတ်မှတ်မယ်လို့ ကြေညာ ထားပါတယ်။

တကယ်လို့သာ ဂျေရူဆလင်မ်ကို အစ္စရေးရဲ့ မြို့တော် အဖြစ် အမေရိကန်က အသိအမှတ် ပြုလာမယ် ဆိုရင် အစ္စရေးနဲ့ကြား ထားရှိတဲ့ အဆက်အဆံ အားလုံး ဖြတ်တောက် ပစ်မယ်လို့ တူရကီ သမ္မတ ရာဂျစ် တိုင်ရိ(ပ်) အာဒိုအန်ကလည်း သတိပေး ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ