မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိ၍ ယာဉ်တိမ်းမှောက်ပြီး အမျိုးသား(၂) ဦး သေဆုံး


ပုသိမ် ၊ ဒီဇင်ဘာ ၁ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ ဈေးလေး မီးပွိုင့်အနီးတွင် နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား(၂) ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသတင်းရသည်။

ဖြစ်စဉ်မှာ ကိုဖြိုးအောင်၊ ပုသိမ်မြို့၊ အမှတ်(၅) ရပ်ကွက်နေထိုင်သူ မောင်းနှင်လာသော 1L/- - - - ယာဉ်မှာ ကိုးသိန်းအားကစားကွင်း ဘက်မှ မောင်းနှင်လာရင်း ဈေးလေးမီးပွိုင့်အရောက် ဈေးဘက်သို့ ကွေ့စဉ် မျက်နှာချင်းဆိုင် အောင်သုခလမ်းဆုံဘက်မှ သန်းတိုးအောင်၊ ငြိမ်းချမ်းကျော်နှင့် အမည်မသိအမျိုးသားတို့လိုက်ပါ လာသော ဆိုင်ကယ်မှာ မော်တော်ယာဉ်၏ ဘေးဘက်ကိုယ်ထည်နောက်ပိုင်းအား ၀င်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ငြိမ်းချမ်းကျော်နှင့် အမည်မသိအမျိုးသား တစ်ဦးမှာဒဏ်ရာများရရှိခဲ့၍ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး သန်းတိုးအောင်မှာ (စိုးရိမ်ရ)ဒဏ်ရာများရရှိပြီး ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သူ ဖြိုးအောင်ကိုတော့ ပုသိမ်မြို့မရဲစခန်းမှ ယာဉ်(ပ) ၃၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) / ၃၃၈/ ၂၀၂ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မင်း ထက်မုန်း/ဧရာဝတီတိုင်းမ်
ဓာတ်ပုံ - အောင်ထက်ပိုင်(ပုသိမ်)
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes/
မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိ၍ ယာဉ်တိမ်းမှောက်ပြီး အမျိုးသား(၂) ဦး သေဆုံး မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မိ၍ ယာဉ်တိမ်းမှောက်ပြီး အမျိုးသား(၂) ဦး သေဆုံး Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.