မောင်​​တော ငခူရ​ကျေးရွာတွင်​ သိန်း​ပေါင်း ၁၉၀၀တန်​ဖိုးရှိ မူးယစ်​​ဆေးဝါးများဖမ်းဆီး ရမိ


ရခိုင်​​ဂေဇက်​၊ ဒီဇင်​ဘာ၁၁

မောင်​​တောမြို့နယ်​၊ ငခူရ​ကျေးရွာတွင်​ ဒီဇင်​ဘာလ ၁၀ရက်​​နေ့​၊နေ့လည်​ ၁၂း၃၀ အချိန်​တွင်​​ ဆွေ​ယော့ဟူဆိန်း​နေအိမ်​တွင်းမှ ကာလတန်​ဖိုးသိန်း​ပေါင်း ၁၉၀၀ရှိ WY​ဆေးပြားများ ဖမ်းဆီးရမိ​ကြောင်းသိရသည်​။

ဖြစ်​စဉ်​မှာသြဂုတ်​လ ၂၅ရက်​​နေ့ အကြမ်းဖက်​ဖြစ်​စဉ်​များ​နောက်​ပိုင်း ငခူရ​ကျေးရွာအုပ်​စု၊ ငခူရ (ဘင်္ဂါလီ)ရွာသို့ တစ်​ဖက်​ နိုင်​ငံသို့ ထွက်​​ပြေးတိမ်း​ရှောင်​​သွားသူ မသင်္ကကာသူတစ်​ချို့ ​ကျေးရွာတွင်းသို့ ​ရောက်​ရှိ​နေ​ကြောင်း သတင်းအရ နယ်​​မြေမှူး၊ လဝကဦးစီးမှူး၊ ငခူရ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးတို့ပူး​ပေါင်းလျှက်​ ​နေအိမ်​များအားစစ်​​ဆေးရာမှ ငခူရ (ဘင်္ဂါလီ)အလယ်​ရွာရှိဆွေ​ယော့ဟူဆိန်း​(ဘ)အဒူ​ဂေါ်နီ(လူ​နေထိုင်​ခြင်းမရှိ) ၏ ​နေအိမ်​ ဆန်​​တောင်းထဲတွင်​မြှုပ်​ထား​သောWy​ဆေး
ပြားများ​​တွေ့ရှိခြင်းဖြစ်​​ကြောင်းသိရသည်​။

အဆိုပါ မူးယစ်​​ဆေးဝါးများအား​ဆန်​တောင်းထဲတွင်​ ပလတ်​စတစ်​အိတ်​ဖြင့်​ထုတ်​ထား​သော အထုတ်​တစ်​ထုတ်​အား ​တွေ့ရှိ၍ ဖွင့်​​ဖောက်​စစ်​​ဆေးရာ ကတ္ထူစက္ကူကိုတိပ်အကြည်ဖြင့် ကပ်ထား​​သော အထုပ်​ ကြီး ၁၀ထုတ်​ အတွင်းမှ အပြာ​ရောင်​ ကပ်​ခွာအိတ်​တစ်​အိတ်​လျှင်​ Wy/R​ရောရာ​ဆေးပြား ၁၉၀ဖြင့်​ စုစု​ပေါင်း​ဆေးပြား ၉၅၀၀၀ ပြား၊ ကာလတန်​ဖိုး သိန်း​ပေါင်း ၁၉၀၀ ရှိ ​မူးယစ်​​ဆေးဝါးများ ဖမ်းဆီးရမိခြင်း ဖြစ်​​ကြောင်းသိရသည်​။

ဖမ်းဆီးရမိ​သော မူးယစ်​​ဆေးဝါးများအား သိမ်းဆည်းထားပြီး တရားခံအား အ​ရေးယူ​ဆောင်​ရွက်​နိုင်​ရန်​ လုပ်​​ဆောင်​လျှက်​ရှိ​ကြောင်းသိရသည်​။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မောင်​​တော ငခူရ​ကျေးရွာတွင်​ သိန်း​ပေါင်း ၁၉၀၀တန်​ဖိုးရှိ မူးယစ်​​ဆေးဝါးများဖမ်းဆီး ရမိ ​မောင်​​တော ငခူရ​ကျေးရွာတွင်​ သိန်း​ပေါင်း ၁၉၀၀တန်​ဖိုးရှိ မူးယစ်​​ဆေးဝါးများဖမ်းဆီး ရမိ Reviewed by THITHTOOLWIN on 18:03 Rating: 5
Powered by Blogger.