စစ်တွေ- ရန်ကုန်ကားလမ်းတွင် မိုင်းများမကြာ ခဏတွေ့ရှိမှုကြောင့် လုံခြုံရေးတိုးမြှင့်ထား


ရခိုင်ဂေဇက်၊ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန် ကားလမ်းတစ်လျှောက် မိုင်းများမကြာ​တွေ့ရှိ​နေမှု​ကြောင့်​ လုံခြုံရေးတိုးမြင့်ထားသည်ဟု ရခိုင်ပြည်နယ် ဒုရဲမှုးကြီး ရွှေသန်းထံ မှသိရသည်။

"ကျွန်တော်တို့ စစ်တွေကနေ ရန်ကုန်ကားလမ်း တစ်လျှောက် တံတားတွေမှာ တပ် နဲ့ ရဲ လုံခြုံ
ရေးအပြည့်တိုးမြှင့်ထားပါတယ်။မိုင်းတွေ မကြာခဏတွေ့နေတယ် တံတားတွေ ဖောက်ခွဲခံရတယ် ဒါကြောင့်ပြည်သူတွေ စိုးရိမ်မှု မရှိရအောင် သွားလာ အဆင်ပြေအောင် နေ့/ည လုံခြုံရေးတိုးမြှင့်ထားပါတယ်"ဟု ဒုရဲမှုးကြီး ရွှေသန်း မှ ပြောသည်။

ရခိုင်​ပြည်​နယ်​တွင်​ စစ်​​တွေ-အမ်း ကားလမ်းမကြီးတစ်​​လျှောက်​တွင်​ မကြာခဏ မိုင်းများ​တွေ့ရှိ​နေရပြီး ​ပေါက်​ကွဲမှုဖြစ်​စဉ်​များလည်းမကြာခဏဖြစ်​​ပေါ်မှုများရှိ​နေပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် မင်းပြားမြို့နယ် ဖားပျော် (ချင်းရွာ) အနောက်ဘက် စစ်တွေ-ရန်ကုန် ကားလမ်း မိုင်တိုင်အမှတ် ၈၄/၄ အနီးတွင် တံတားအုတ်ခုံတွင် မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်​ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက် ညနေ ၃ နာရီ ၁၀မိနစ်​အချိန်​တွင်​ ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင် ၁၁၆ /၃-၄ ကြား ဝေသာလီကျေးရွာ နှင့် ပေါက်တောပြင် ကျေးရွာကြားရှိ အရှည်ပေ ၂ဝ ခန့် ကွန်ကရစ်တံတား အနီးတွင်​ မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာမှ တံတားအနီး အကျယ် သုံးပေ အနက် တစ်ပေခွဲခန့်ရှိ ကျင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး တံတား ဝဲဘက်အပေါ် လက် ရန်းတွင် တစ်ပေခွဲခန့် ကွန်ကရစ် ပလာ စတာများ ကွာကျခဲ့ပြီးသီလရှင် ဒေါ်သောဏထေရီ ၆၄ နှစ်မှာ ဘယ်ဘက်နားရွက်နှင့် ဘယ်ချို စောင်းတို့တွင် ​ခဲစထိမှန် ဒဏ်ရာရရှိခဲ့မှုများဖြစ်​ပွား ခဲ့သည်။

"ဒီလို မိုင်းတွေ မကြာခဏ တွေ့ရှိနေပြီး ပြည်သူတွေ စိုးရိမ်မှုမရှိစေရင် အတွက် ကျွန်တော်တို့ နေ့/ည တပ်မတော်သား တွေ နှဲ ရဲ တွေက လမ်း တံတားတွေ မှာ တာဝန်ယူဆောင်ရွက်လျက်ရှိသည်​"ဟု ဒုရဲမှုးကြီး ရွှေသန်းမှဆိုသည်။

ယင်းအပြင်​၂၀၁၇ ဒီဇင်ဘာ ၇ ရက်နေ့တွင် စစ်တွေ-ရန်ကုန်ကားလမ်းမိုင်တိုင်အမှတ် (၁၁၂/၆) နှင့် (၁၁၂/၇)ကြား မြောက်ဦးမြို့နယ်​မှ ကျောက်တော်မြို့နယ်​သို့အထွက် တောင်ဖြူ တံတားအောက်တွင်မိုင်း(၂)လုံးတွေ့ရှိခဲ့ပြီး၂၀၁၇ ဒီဇင်ဘာ ၈ ရက်နေ့တွင် စစ်တွေ-ရန်ကုန်ကားလမ်းမိုင်တိုင်(၄၅/၄)နှင့် (၄၅/၅)ကြား မြေပုံမြို့နယ်၊သီလာကျေးရွာနှင့် တုတ်ချောင်းကျေးရွာကြားတွင် တပ်မတော်ယာဉ်တန်း ကား​လေးစီးဖြတ်​သန်းလာချိန် တွင်​မိုင်း(၃)လုံးပေါက်ကွဲပြီး တပ်မတော်ယာဉ်​တန်းမှ တတိယ​မြောက်​အစီး ညာဘက်​ခြမ်း​ဘော်​ဒီ​ဘောင်​တန်းတွင်​ ယမ်းစများထိမှန်​ပြီး ကား​နောက်​ကြည့်​မှန်​ပျက်​စီးသွားခဲ့မှုများရှိခဲ့သည်​။

စစ်​​တွေ_ရန်​ကုန်​ အ​ဝးေ​ပြးကားလမ်းမကြီးတစ်​​လျှောက်​ အမ်း_စစ်​​တွေ လမ်း​ကြီး​ပေါ်တွင်​ မကြာခဏမိုင်းများ​တွေ့ရှိ​နေရပြီး ​ပေါက်​ကွဲမှုများလည်းရှိ​နေ​သော​ကြောင့်​ ခရီးသွားပြည်​သူများမှ စိုးရိမ်​မှုများရှိ​နေ​ကြောင်းသိရသည်​။

ဖိုးခွား​လေး
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
စစ်တွေ- ရန်ကုန်ကားလမ်းတွင် မိုင်းများမကြာ ခဏတွေ့ရှိမှုကြောင့် လုံခြုံရေးတိုးမြှင့်ထား စစ်တွေ- ရန်ကုန်ကားလမ်းတွင် မိုင်းများမကြာ ခဏတွေ့ရှိမှုကြောင့် လုံခြုံရေးတိုးမြှင့်ထား Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.