တိုင်းနဲ့ ပြည်နယ်ပိုင်ပစ္စည်း ရောင်းချခြင်းဆိုင်ရာ ဥပဒေကြမ်းရေးဆွဲဖို့ အတည်ပြု

ချမ်းမြသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် ကို ဒီဇင်ဘာလ ၈ ရက်နေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ရစဉ်/ Photo: Hset Paing Toe/RFA
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ရောင်းချခြင်းနဲ့ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်ရေးဆွဲပေးဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

တိုင်းဒေသကြီးအစိုးရက ပိုင်ဆိုင်တာတွေကို ရောင်းချခြင်း၊ ငှားရမ်းခြင်း ပြုလုပ်ရာမှာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တင်သွင်းခဲ့တာဖြစ်တယ်လို့ အဆိုရှင်ဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် က ပြောပါတယ်။

တိုင်းဒေသကြီး ပြည်နယ်က ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ရောင်းချခြင်း၊ ငှားရမ်းခြင်းနဲ့ အခြားနည်းဆောင်ရွက်ခြင်း ဆိုင်ရာဥပဒေတစ်ရပ်ပေါ်ပေါက်မှသာ ပြည်ထောင်စုကပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရ က ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ကွဲကွဲပြားပြား သိရှိလာနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ ဥပဒေကြမ်းကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂) ပါ၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ အမှတ်စဉ် ၁(ဆ) အရ ရေးဆွဲခွင့်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ဥပဒေကြမ်းရေးဆွဲပြဌာန်းနိုင်ဖို့အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုတင်ပြခဲ့ရာ ဒီဥပဒေကြမ်းရေးဆွဲပြဌာန်းရန် သင့် မသင့် ကိစ္စရပ်နဲ့ ပတ်သက်ပြီး ခုံရုံးကဆုံးဖြတ်ပေးရန် တာဝန်မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကို ပြန်ကြားခဲ့ပြီးဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တိုင်းနဲ့ ပြည်နယ်ပိုင်ပစ္စည်း ရောင်းချခြင်းဆိုင်ရာ ဥပဒေကြမ်းရေးဆွဲဖို့ အတည်ပြု တိုင်းနဲ့ ပြည်နယ်ပိုင်ပစ္စည်း ရောင်းချခြင်းဆိုင်ရာ ဥပဒေကြမ်းရေးဆွဲဖို့ အတည်ပြု Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.