ပုဏ္ဏားကျွန်းမြို့အနီးတွင် ဆရာ၊ ဆရာမများ စီးလာသောကားနှင့် ကုန်တင်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွား


ပုဏ္ဏားကျွန်း - ဒီဇင်ဘာ ၈

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီး တွင် ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီ အချိန်က ကျောင်းဆင်းချိန် ဆရာ၊ ဆရာမများတင်ဆောင်လာသော ကားနှင့် ကုန်တင်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းရဲစခန်းမှသိရသည်။


ဆရာ၊ ဆရာမများမှာ ယိုးတရုတ်lဘုရားကြီးlယိုးငူကျေးရွာများက စာပြပြီးကျောင်းဆင်းအပြန်တွင် ကျောက်တော်မှစစ်တွေသို့ ဦးထွန်းလင်းသိန်းမောင်းနှင်လာသော YGNBD ------ လိုက်ထရပ် အဖြူရောင်ယာဉ်၌ စီးနှင်းလိုက်ပါလာရာ ကျောက်ဆိပ်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၇၅/ ၁ အရောက်တွင် ရန်ကုန်မှလာသော ကွန်တီနာ ကုန်တင်ယာဉ်က ကျော်တက်လာရာမှ တိုက်မိ ခြင်းဖြစ်ကြောင်း ခရီးအတူစီးနှင်းလိုက်ပါသူတစ်ဦးကပြောသည်။

စီးနှင်းလိုက်ပါလာသည့် ဆရာ၊ ဆရာမများမှာ ဒေါ်သန်းခင်၊ ဒေါ်မလှဝင်း၊ ဒေါ်နီနီဝင်းရွှေ၊ ဒေါ်သန်းသန်းစိုး၊ ဒေါ်နုနုရီ၊ ဒေါ်အေးအေးသန်း၊ ဦးစိန်လှ၊ ဦးမောင်နုစိန်နှင့် မောင်မြင့်သန်းတို့ ဖြစ်ကြောင်း ဆေးရုံးမှတ်တမ်းအရ သိရသည်။

ခြေထောက် လက်နှင့်ဦးခေါင်းတို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသော ဆရာ၊ ဆရာမများကို စစ်တွေမြို့ ဆေးရုံးကြီးသို့ ပို့ဆောင်ထားကြောင်း ပုဏ္ဏားကျွန်း ရဲစခန်းက သိရသည်။

ကုန်တင်ယာဉ်မှာ ထွက်ပြေးသွားပြီး ပုဏ္ဏားကျွန်းမြို့ရဲစခန်းတွင် အတိုက်ခံရသည့် ယဉ်မောင်း ထွန်းလင်းသိန်းကအရေးယူပေးရန် အမှုဖွင့်ထားကြောင်း သိရသည်။

နီနီ(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပုဏ္ဏားကျွန်းမြို့အနီးတွင် ဆရာ၊ ဆရာမများ စီးလာသောကားနှင့် ကုန်တင်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွား ပုဏ္ဏားကျွန်းမြို့အနီးတွင် ဆရာ၊ ဆရာမများ စီးလာသောကားနှင့် ကုန်တင်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.