မောင်တောမြို့ နယ်၌ ဘင်္ဂါလီ ၁ ဦးနှင့်အတူ အိမ်သုံးဆေးဝါး ဖမ်းဆီးမိ


၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ၂၁၂၀ အချိန် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မကျီးချောင်း (ချောင်းဝ)ဘေးရှိ ပုဇွန်ကန်အနောက်ဘက် နယ်စပ်ခြံစည်းရိုး ခန့်မှန်း(DT-337980)၌ ဘင်္ဂါလီ ၁ ဦးနှင့်အတူ လှေ ၁ စီးပေါ်မှ အိမ်သုံးဆေးပြား ၁၃၁၀၀၀ ပြား၊ ဆေးလုံး ၈၀၀၀ လုံး၊ ဆေးတောင့် ၄၀၀၀ တောင့်၊ ဆေးပုလင်း ၉၀၀ ပုလင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါ နယ်စပ်ခြံစည်းရိုး ခန့်မှန်း(DT-337980)၌ မောင်နီရဲကင်းစခန်းမှူး ရဲအုပ် သန်းဇော်ဝင်း ဦးစီးအဖွဲ့မှ အမှောင်ထဲတွင် ဖုန်းပြော လမ်းလျှောက်လာသူ ဇာဖောအာမတ်(၄၅)နှစ် အား မသင်္ကာတွေ့ရှိ၍ စစ်မေးနေစဉ် ၎င်းနှင့် ကိုက် ၁၀၀ ခန့် အကွာ၌ အလျား ၁၄ တောင်၊ အနံ ၄ တောင်၊ အမြင့် ၂ တောင်ခန့်ရှိ လောင်းလှေ ၁ စီးသည် မကျီးချောင်း ချောင်းထဲမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လှော်ခပ်နေသဖြင့် ကမ်းသို့ ကပ်ရန် အော်ဟစ်တားမြစ်ရာ လှေပေါ်ပါသူ လူ ၅ ဦးခန့်မှာ ရေထဲသို့ ခုန်ချကာ ပန်းတော ပြင်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ပါသည်။

အဆိုပါ လောင်းလှေအား ကမ်းစပ်သို့ ဆွဲယူစစ်ဆေးခဲ့ရာ အိမ်သုံးဆေးပြား ၁၃၁၀၀၀ ပြား၊ ဆေးလုံး ၈၀၀၀ လုံး၊ ဆေးတောင့် ၄၀၀၀ တောင့်၊ 2-mL ဆေးပုလင်း ၉၀၀ ပုလင်း၊ အိတ် ၁ လုံး၊ ကျား ဝတ်အင်္ကျီ ၉ ထည်၊ ပုဆိုး ၅ ထည်၊ ဘောင်းဘီရှည်/တို ၄ ထည်၊ မဝတ်အင်္ကျီ ၂၀ ထည်၊ ထမီ ၂၀ ထည်၊ ဗလီဦးထုပ် ၂ လုံး၊ ဖုန်း ၁ လုံး တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ၁၃၁၀ အချိန် ဇာဖောအာမတ် (ဖမ်းမိ)အား မကျီးချောင်း နယ်မြေရဲစခန်းမှ (ပ)၇၂/ ၂၀၁၇ အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

သစ်ထူးလွင်
မောင်တောမြို့ နယ်၌ ဘင်္ဂါလီ ၁ ဦးနှင့်အတူ အိမ်သုံးဆေးဝါး ဖမ်းဆီးမိ မောင်တောမြို့ နယ်၌ ဘင်္ဂါလီ ၁ ဦးနှင့်အတူ အိမ်သုံးဆေးဝါး ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.