မိုးညှင်းမြို့နယ်​တွင်​ မျိုးဆက်​သစ်​အ​ဝေး​ပြေး မှန်​လုံယာဉ်​မှ ဆိုင်​ကယ်​အား ​ကျော်​တက်​စဉ် ချိတ်ပွတ်​မိသဖြင့်​ ဆိုင်​ကယ်​​နောက်​လိုက်​သူ​သေဆုံး


မိုးညှင်း - ဒီဇင်ဘာ ၂၅

ကချ င်ပြည်နယ် မိုးညှင်းမြို့နယ်ဟိုပင်မြို့ နှင့်မိုးညှင်းမြို့ ဆက်သွယ်သည့် လမ်းမပေါ်တွင်ခရီးသည်တင်အဝေးပြေးမှန်လုံယာဉ်မှ ဆိုင်ကယ်အား ကျော်တက်စဉ် ပွတ်ချိတ်တိုက်မိပြီး ဆိုင်​ကယ်​​နောက်တွင် လိုက်ပါလာသူ အသက်(၇၀)အရွယ် အမျိုးသမီးတစ်ဦးအား ကြိတ်မိပြီး သေဆုံးခဲ့သဖြင့် ယာဉ်မောင်းအား အရေးယူ​ ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ဒီဇင်ဘာလ၂၄ရက်နေ့ ညနေ ၃နာရီ ၁၅ မိနစ်အချိန်တွင် မိုးညှင်းမြို့ အမှတ်(၁၀၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ စုတွင် ဒုရဲအုပ်အောင်ကိုကိုနိုင်နိုင်သည် တာဝန်ထမ်းဆောင်နေစဉ် ဟိုပင်မြို့ နှင့် မိုးညှင်းမြို့ဆက်သွယ်သည့်လမ်း အင်ကြင်းကုန်းကျေးရွာအနီး မိုင်တိုင်​ အမှတ်(၅/၂)နှင့်(၅/၃) အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွါးကြောင်း သတင်းရရှိ၍ သက်သေများဖြစ် ​သော အင်ကြင်းကုန်းကျေးရွာအုပ်ချု ပ်ရေးမှူး ဦးအောင်မင်း၊ ရာအိမ်မှူးဦးမြအောင်တို့ နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေး စုံစမ်းခဲ့သည်။

 ဟိုပင်မြို့ ဘက်မှ မယဉ်ယဉ်အေး(ခ)မိဂျူး(၁၇)နှစ်မောင်းနှင်၍ နောက်မှ ဒေါ်အုန်းမြင့်(၇၀)နှစ်လိုက်ပါလာ​သော KENBO 125 အစိမ်း/အနက်ဆိုင်ကယ်သည် အခင်းဖြစ်နေရာ အရောက်တွင်ယာဉ်မောင်းခင်ထွန်းနိုင်မောင်းနှင်လာသော မျိုးဆက်သစ်ခရီးသည်တင် မော်တော်ယာဉ်မှကျော်တက်စဉ် ပွတ်ချိတ်​တိုက်မိခဲ့ခြင်း ဖြစ်သည်။

 ဆိုင်ကယ်လဲကျပြီး ဒေါ်ခင်အုန်းမြင့်၏ ဦးခေါင်းအား မော်တော်ယာဉ်၏ ယာဘက်နောက်ဘီးဖြင့် တက်ကြိတ်မိပြီး ဦးဏှောက်ပွင့်ထွက် ကြေမွဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး၊ မယဉ်ယဉ်အေး(ခ)မိဂျူးတွင် မေးစေ့ပွန်းဒဏ်ရာ ဝဲဘက်ပခုံးနာကျ င် ဒဏ်ရာတို့ ရရှိခဲ့ကြောင်းတွေ့ ရှိရသည်။

ထို့ နောက် ဒုရဲအုပ်အောင်ကိုကိုနိုင်မှ တရားလိုပြုလုပ် အမှုဖွင့်တိုင်ကြား ခဲ့သဖြင့် ယာဉ်မောင်းခင်ထွန်းနိုင်၃၂နှစ်(ဘ)ဦးစိုးသိန်း သီတာရပ်ကွက် မြစ်ကြီးနားမြို့နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ အမှုရေးဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးညှင်းမြို့နယ်​တွင်​ မျိုးဆက်​သစ်​အ​ဝေး​ပြေး မှန်​လုံယာဉ်​မှ ဆိုင်​ကယ်​အား ​ကျော်​တက်​စဉ် ချိတ်ပွတ်​မိသဖြင့်​ ဆိုင်​ကယ်​​နောက်​လိုက်​သူ​သေဆုံး  မိုးညှင်းမြို့နယ်​တွင်​ မျိုးဆက်​သစ်​အ​ဝေး​ပြေး မှန်​လုံယာဉ်​မှ ဆိုင်​ကယ်​အား ​ကျော်​တက်​စဉ် ချိတ်ပွတ်​မိသဖြင့်​ ဆိုင်​ကယ်​​နောက်​လိုက်​သူ​သေဆုံး Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.