သာကေတမြို့နယ်၌ နိုင်ငံခြားသား ၁ ဦးမှ သားမယားပြုကျင့်ရန် အားထုတ်မှု


 ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၇/ အနော်မာ ရပ်ကွက်၊ မြခွာညိုအိမ်ရာ၊ အမှတ်(၄၅)မှာ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီခွဲ ခန့် က အသက် ၅၉ နှစ်အရွယ် ကိုရီယားနိုင်ငံသား တစ်ဦးက အသက် ၃၅ နှစ်အရွယ် မြန်မာ မိန်းကလေး တစ်ဦးအား မုဒိမ်းမှုပြုကျင့် ရန် အားထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ ၂၃း၃၀ အချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၇/ အနော်မာ ရပ်ကွက်၊ မြခွာညိုအိမ်ရာ၊ အမှတ်(၄၅)နေ Mr.Kim Sunn(၄၆)နှစ် ၏ နေအိမ်၌ လွန်ခဲ့သော ၃ လခန့်က လာရောက် တည်းခိုနေသည့် ၎င်း၏ဦးလေး ကိုရီယားနိုင်ငံသား Mr.Kim Young Sam(၅၉)နှစ်မှ မသစ်သစ်(၃၅)နှစ်အား နှိပ်ခိုင်းသဖြင့် မသစ်သစ်မှ ညအချိန် မတော်ဖြစ်သည့် အတွက် မနှိပ်ပေးနိုင်ကြောင်းပြောရာ အတင်း ဆွဲခေါ်ကာ ခုတင်ပေါ်သို့ ဆွဲလှဲ၍ သားမယား ပြုကျင့်ရန်အားထုတ်စဉ် မသစ်သစ်မှာ အတင်းရုန်းကန်ထွက်ပြေးခဲ့ရကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါအမှုအား ဒီဇင်ဘာလ ၈ ရက်နေ့ ၀၅း၃၅ အချိန် မသစ်သစ်မှတိုင်တန်း၍ Mr.Kim Young Sam(ဖမ်းမိ)အား သာကေတနယ်မြေရဲစခန်း(ပ)၁၂၉၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ (မုဒိမ်းမှုပြုကျင့် ရန်အားထုတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပါကြောင်း သိရှိရပါသည်။

သစ်ထူးလွင်
သာကေတမြို့နယ်၌ နိုင်ငံခြားသား ၁ ဦးမှ သားမယားပြုကျင့်ရန် အားထုတ်မှု သာကေတမြို့နယ်၌ နိုင်ငံခြားသား ၁ ဦးမှ သားမယားပြုကျင့်ရန် အားထုတ်မှု Reviewed by THITHTOOLWIN on 16:07 Rating: 5
Powered by Blogger.