ရွှေပြည်သာမြို့နယ်၌ မီးလောင်မှုဖြစ် နေအိမ် ၃ လုံး ဆုံးရှုံး


၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ ၁၃၁၅ အချိန် ရွှေပြည်သာမြို့နယ်၊ (၈)ရပ်ကွက်၊ ယောမင်းကြီးလမ်း၊ သုခပန်းခြံ၊ အိမ်အမှတ်(၁၂၄/က)ရှိ ဦးမြင့်ဝင်း(၅၈)နှစ်ပိုင် "ရတနာ တင်ဝင်း" လက်ဖက်ရည် ဆိုင်နောက်ကပ် လျက်အဖီခန်း၌ သားဖြစ်သူ အောင်ကျော်ကျော် (ခ) အောင်ကိုလတ် (၃၀)နှစ် သည် မီးသွေးဖိုဖြင့် ပဲပြုတ်ရာမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရပါသည်။

အဆိုပါ မီးလောင်မှုမှာ ၁၃၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး နေအိမ် ၃ လုံး တန်ဖိုးငွေကျပ် ၆၉ သိန်းခန့် ဆုံးရှုံးခဲ့ကာ ၁၇၁၅ အချိန်တွင် အောင်ကျော်ကျော်(ခ) အောင်ကိုလတ် (ဖမ်းမိ)အား ရွှေပြည်သာ မြို့မ ရဲစခန်း (ပ)၂၂၈၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၂၈၅(မီးလောင်မှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ရွှေပြည်သာမြို့နယ်၌ မီးလောင်မှုဖြစ် နေအိမ် ၃ လုံး ဆုံးရှုံး ရွှေပြည်သာမြို့နယ်၌ မီးလောင်မှုဖြစ် နေအိမ် ၃ လုံး ဆုံးရှုံး Reviewed by THITHTOOLWIN on 15:53 Rating: 5
Powered by Blogger.