ကျုံမငေးတွင် အိမ်နီးချင်းဖြစ်သူက ကလေးငယ်များအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့နယ်၊ ကျုံလတာဝကျေးရွာ၌ မိဘများအိမ်တွင် မရှိချိန် အိပ်ပျော်နေသည့် ကလေးငယ် (၃)ဦးကို အိမ်နီးချင်းဖြစ်သူက အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရှိရသည်။

ကျုံလတာဝကျေးရွာရှိအလှူတစ်ခုသို့ မိဘများက ကူညီရန်သွားရောက်နေချိန် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက အိမ်တွင်ကျန်ခဲ့သည့် အသက် (၁၃)နှစ်၊ အသက်(၁၂)နှစ်နှင့် အသက်(၈)နှစ်အရွယ် မိန်းကလေးငယ် ညီအစ်မ (၃)ဦး အိပ်ပျော်နေစဉ် အိမ်နီးနားချင်းဖြစ်သူ အသက်(၄၀)နှစ်အရွယ် ကျပန်းအလုပ်သမား မြအေးက အိမ်တွင်း ဝင်ရောက်ပြီး အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရသည်။
“မိဘတွေက ရွာထဲကအလှူမှာ ကူညီလုပ်ကိုင်ပေးဖို့သွားနေချိန်မှာ ညဖက်ကြီးဆိုတော့ ကျူးလွန်ဖို့ကြံစည်တာ ပါ။ ကလေးတွေ အော်ဟစ်အကူအညီတောင်းတော့ ပြန်ထွက်ပြေးသွားတာ၊ မိဘတွေလည်းပြန်ရောက်တော့ ကလေးတွေပြောပြလို့သိရတာ။”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ကလေးငယ်များအား အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့သူ ကျုံလတာဝကျေးရွာနေ မြအေး(၄၀)နှစ်အား ကျုံမငေး နယ်မြေရဲစခန်းက (ပ)၇၈/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁/၃၇၇/၃၅၄ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကျုံမငေးတွင် အိမ်နီးချင်းဖြစ်သူက ကလေးငယ်များအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား ကျုံမငေးတွင် အိမ်နီးချင်းဖြစ်သူက ကလေးငယ်များအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.