ဇင်ဘာဘွေသမ္မတက စစ်ဦးစီးချုပ်သစ်အဖြစ် ဒုဗိုလ်ချုပ်ကြီးPhilip Valerio Sibanda အား ခန့် အပ်

ဇင်ဘာဘွေနိုင်ငံ စစ်ဦးစီးချုပ်သစ် ဒုတိယဗိုလ်ချုပ်ကြီးPhilip Valerio Sibanda အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
ဟာရာရီ၊ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

    ဇင်ဘာဘွေနိုင်ငံသမ္မတအမ္မာဆန်အန်နန်ဂါဝါ(Emmerson Mnangagwa)သည် စစ်ဦးစီးချုပ်သစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး Philip Valerio Sibanda ကို ပြီးခဲ့သောလက  သမ္မတဟောင်း မူဂါဘီအား ရာထူးမှ ဖြုတ်ချစဉ် နောက်ကွယ်မှ ကြိုးကိုင်ပါဝင်ခဲ့သူ စစ်ဦးစီးချုပ်(ဟောင်း) Constantino Chiwenga နေရာတွင် အစားထိုးခန့် အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

စစ်ဦးစီးချုပ်ဟောင်း Chiwenga သည် ရာထူးမှ အနားယူသွားခဲ့ရပြီး ၄င်းမှာ ဒုတိယသမ္မတဖြစ်လာရန် တစ်ပြေးနေသည်။ စစ်ဦးစီးချုပ်သစ်ခန့် အပ်ခြင်းကို ဇင်ဘာဘွေသမ္မတ နှင့် ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် Misheck Sibanda က ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

အာဏာရ ZANU-PF ပါတီအကြီးအကဲ အဖြစ် အတည်ပြုရွေးချယ်ခံရပြီးဖြစ်သည့် Mnangagwa သည် လာမည့် ဒီဇင်ဘာ ၂၂ ရက်တွင် ၄င်း၏ လက်ထောက်နှစ်ဦး အမည်စာရင်းကိုထုတ်ပြန်ကြေညာရန် ရှိနေသည်။

သမ္မတသစ်သည် ပြီးခဲ့သော နိုဝင်ဘာလတွင် ကျမ်းကျိန်ခဲ့ပြီး ၄င်းသည် ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ် Edzai Absolom Chanyuka Chimonyo အား တန်ဇန်းနီးယား ၊ ဘရွန်ဒီ နှင့် ရဝမ်ဒါ နိုင်ငံများ ဆိုင်ရာ ဇင်ဘာဘွေနိုင်ငံသံအမတ်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။ အဆိုပါကြည်းတပ်အကြီးအကဲနေရာအား ဒုတိယဗိုလ်ချုပ်ကြီး Philip Sibanda က ဆက်ခံခဲ့ကြောင်း သိရသည်။

လေတပ်ဒုတိယဦးစီးချုပ် Elson Moyo သည်  လေတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး ယခင်လေတပ်အကြီးအကဲဟောင်း Perence Shiri သည် မြေယာ ၊ စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့် အပ်တာဝန်ပေးခြင်းခံရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ