လူသတ်၍ ကားနောက်ဖုံးအတွင်း ထည့်ထားသည့်အမှုမှ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ


မန္တလေး၊ ဒီဇင်ဘာ ၁၄

မိတ္ထီလာမြို့၊ ဈေးရှေ့ရပ်၊ ကားဝပ်ရှော့တွင် ၁၇.၁၁.၂၀၁၇ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် ပြုပြင်ရန် လာရောက်အပ်နှံထားသည့် NISSAN FUGA ယာဉ်အမှတ် 9J/xxxxx အဖြူရောင် စလွန်းကား နောက်ဖုံးအတွင်း လူသတ်၍ ထည့်ထားသည့်အမှုမှ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

အဆိုပါကား ယာဉ်နောက်ဖုံး အတွင်းမှ အပုပ်နံ့ရရှိရ၍ မိတ္ထီလာမြို့မရဲစခန်းသို့ သတင်းပို့ချက်အရ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ ယာဉ်နောက်ဖုံးအခန်းအတွင်း အသက် ၃၀နှစ်ခန့် အမျိုးသားတစ်ဦးအား ခန္ဓာအနှံပေါက်ပြဲထိုးသွင်းဒဏ်ရာ (၁၂)ချက်ဖြင့် အလောင်း(၁)လောင်းနှင့် အသက် ၃၀နှစ်ခန့် အမျိုးသမီးတစ်ဦးအား ခန္ဓာကိုယ်အနှံ့ပေါက်ပြဲ ထိုးသွင်းဒဏ်ရာ (၅)ချက်ဖြင့် အလောင်း(၁)လောင်းတို့အား တွေ့ရှိ၍ မိတ္ထီလာမြို့မရဲစခန်း(ပ)၄၇၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ပါသည်။

အဆိုပါလူသတ်မှုအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ဦး၏အနီးကပ် ကြပ်မတ်မှုဖြင့် အမှုစစ်အထူးအဖွဲ့များ ဖွဲ့စည်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်ပေါ်မှ သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများနှင့် ကွင်းဆက်ဖော်ထုတ်စစ်ဆေး အတည်ပြုချက်များအရ အမျိုးသားအလောင်းမှာ စိုင်းစိုးအောင် ၃၈နှစ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်တွင် အိမ်ငှားနေသူနှင့် အမျိုးသမီးအလောင်းမှာ မလင်းလင်း၊ ကျိုက်ထိုမြို့နေသူတို့ဖြစ်ကြောင်း သိရသည်။

 လူသတ်မှုဖြစ်ပွားသည့်နေရာမှာ မန္တလေးမြို့၊ မဟာမြိုင်(၁)ရပ်ကွက်၊ မန္တလေးမြို့၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၃၇လမ်း၊ ၆၈x၆၉ လမ်းကြား၊ ရတနာ လမ်းသွယ်ရှိ(၂)ထပ်တိုက်နေအိမ်ဖြစ်ကြောင်း သိရသည်။

အမှုမှပြစ်မှု ကျူးလွန်ခဲ့သူများဖြစ်ကြသည့် လှမိုးထက် ၁၉နှစ်၊ (၂)ရပ်ကွက်၊ အုတ်တွင်းမြို့၊ ပဲခူးတိုင်းဒေသကြီးနေသူအား ၂၀.၁၁.၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီ ၁၀ အချိန်တွင် လည်းကောင်းနှင့် ကိုကိုမောင်(ခ)မဲကြီး ၃၈နှစ်၊ ရောင်း/၀ယ်၊ တံမြတ်စည်းစုရပ်၊ မဟာမြိုင်(၂)ရပ်ကွက်နေသူ ၁၈.၁၁.၂၀၁၇ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် လည်းကောင်း ဖမ်းဆီးရမိ၍ တရားခံ (၂)ဦး အား အသေး အစိတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

လူသတ်၍ ကားနောက်ဖုံးအတွင်း ထည့်ထားသည့်အမှုမှ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ လူသတ်၍ ကားနောက်ဖုံးအတွင်း ထည့်ထားသည့်အမှုမှ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.