သံတွဲ-ဂွ အဝေးပြေးကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး


ရခိုင်ဂေဇက်၊ ဒီဇင်ဘာ (၁၄)

သံတွဲ- ဂွအဝေးပြေးကားလမ်းမ ကျောက်ကြီးတိုက်နယ် ဆေးရုံရှေ့ကားလမ်းမပေါ်တွင် ဒီဇင်ဘာလ(၁၁) ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်နှင့် စက်ဘီးယာဉ် တိုက်မှုဖြစ်ပွား၍ စက်ဘီးစီးနင်းလာသူမှာ သေဆုံးပြီး ဆိုင်ကယ်မောင်းသူနှင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသားတို့မှာ ဒဏ်ရာအနည်း
ငယ်ရရှိခဲ့ကြောင်း ကျောက်ကြီးတိုက် နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သံတွဲ- ဂွ ကားလမ်းမိုင်တိုင်အမှတ် ၁၉/၇-၈ ကြားတွင် သံတွဲမှ ဂွဘက်သို့ ဆိုင်ကယ်ယာဉ် မောင်း(ဘ) ဦးဝင်းအောင်၏ သားရဲဝင်းအောင် အသက် (၂၁)နှစ်၊ သံတွဲမြို့နယ် မြကျွန်းရွာ၌ နေသူ OKENBO-110 နက်ဖြူကြားရောင် နံပါတ်မပါဆိုင်ကယ်နောက်တွင် (ဘ) ဦးညွှန့်မောင်၏သားရန်နိုင်အသက်(၂၈)နှစ်အား တင်ဆောင်မောင်းနှင်သွားစဉ် ကျောက်ကြီးတိုက်နယ် ဆေးရုံရှေ့ ကားလမ်းအရောက်တွင် ဂွဖက်မှ သံတွဲဖက်သို့သွားသည့် (ဘ)ဦးငသိန်း၏ သားဦးသန်းမြင့်အသက် (၄၁)နှစ် စီးနင်းလာသော UNION ခရမ်းရောင် (မ) စက်ဘီအား မျက်နှာချင်းဆိုင်ဝင်တိုက်ရာ စက်ဘီးစီးသူ၏ နဖူးယာဘက် ချိုင့်ဝင်ဒဏ်ရာ၊ ဝဲနဖူးပေါက်ပြဲဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

“ဂွဖက်ကနေ သံတွဲဖက်ကို လာတဲ့ ဆိုင်ကယ်နဲ့ စက်ဘီးဟာ မျက်နှာချင်းဆိုင်တိုက်မိကြတာပါ။ အဲဒီတော့ စက်ဘီးစီးနင်းလာသူဟာ ဒဏ်ရာတွေနဲ့ သတိလစ်နေခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ သံတွဲဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လူနာတင်ယာဉ်နဲ့ ပို့ဆောင်တဲ့အခါ လမ်းမှာသေဆုံးသွားပါတယ်။” ဟု ကျောက်ကြီးတိုက်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူဦးသန်းမြင့်အား ကျောက်ကြီးတိုက်နယ်ဆေးရုံတွင် ခွဲစိတ်စစ်ဆေးရာ ညာဘက်
ဦးခေါင်းခွံရိုး အက်ပြီး ဦးနှောက်အမှေးပါး ပေါက်ပြဲဒဏ်ရာရရှိမှုကြောင့် သေဆုံးသွားခြင်း
ဖြစ်ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်ယာဉ်မောင်း ရဲဝင်းအောင်အား ဆိုင်ကယ်အားပေါ့လျော့စွာ မဆင်မခြင်မောင်းနှင်မှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၃၇၊ ၃၃၈ဖြင့် အရေးယူနိုင်ရန်ကျောက်ကြီးနယ်မြေရဲစခန်းမှ ရဲအုပ်အောင်တင်မှ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
သံတွဲ-ဂွ အဝေးပြေးကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး သံတွဲ-ဂွ အဝေးပြေးကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.