ကန်ကြီးထောင့်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာများနှင့် လူသေအလောင်းတွေ့ရှိ

ကန်ကြီးထောင့်မြို့နယ် ရာပန်းကုန်းကျေးရွာအနီးတွင် လူသေအလောင်းတွေ့ရှိ။ ဓါတ်ပုံ - ဖေ့ဘွတ်
ကန်ကြီးထောင့် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ရာပန်းကျေးရွာအနီး ပုသိမ်-ရန်ကုန်ကားလမ်းမဘေးတွင် ဒီဇင်ဘာလ ၁၄ရက်နေ့ ယနေ့နံနက်ပိုင်းက လူတစ်ယောက် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ၁၄ရက်၊ နံနက်၇နာရီခွဲခန့်က ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ရာပန်းကုန်းကျေးရွာအနီးတွင် လူတစ်ဦးသေဆုံးနေကြောင်း ခုံဇင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမှ ကန်ကြီးထောင့်မြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် မြို့မရဲစခန်းမှူးဒုရဲမှူးမင်းဆွေဦးဆောင်သောအဖွဲ့မှအဆိုပါ အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးရာ ရာပန်းကုန်းကျေးရွာအနီး ပုသိမ်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ်(၁၀/၃)နှင့်(၁၀/၄)အကြားတွင် ကိုအောင်ကျော်မျိုး(၃၂)နှစ်၊ အမှတ်၁ရပ်ကွက်၊ မင်းကုန်းပိုင်းလမ်း၊ ကန်ကြီးထောင့်မြို့နယ်နေသူသည် ဘယ်ဘက်နံစောင်းထိုးသွင်းဒဏ်ရာ(၂)ချက်၊ ညာဘက်လက်မပြတ်ရှဒဏ်ရာ(၁)ချက် ထိုးသွင်းဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေပြီး သေဆုံးသူ၏ဘေးတွင် အရိုးအသွား၁၃လက်မကျော်ခန့်ရှိ စတီးဓါးတစ်ချောင်း၊အနက်ရောင်ရှာထိုးဦးထုပ်တစ်လုံး၊ သားရေဖိနပ်တစ်ရံနှင့် မြန်မာငွေရောရာပိုက်ဆံ(၅၀၀၀)ကျပ်တို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါအမှုနှင့်ပက်သက်၍ ကန်ကြီးထောင့်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးအမှုမှတရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် မြို့မရဲစခန်းမှူးနှင့်အဖွဲ့မှကြိုးပမ်းဆောင်ရွက်လျက်ရှိကာ သေဆုံးသူအား မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိပြီး PR-043ဖြစ်ကြောင်းသိရသည်။

နန်းထိုက် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကန်ကြီးထောင့်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာများနှင့် လူသေအလောင်းတွေ့ရှိ ကန်ကြီးထောင့်မြို့နယ်တွင် ထိုးသွင်းဒဏ်ရာများနှင့် လူသေအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.