ဂျေရူစလင်မြို့ကို အစ္စရေးရဲ့မြို့တော်အဖြစ် ကြေညာ

Photo: Benjamin Netanyahu/ Facebook
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဂျေရူစလင်မြို့ကို အစ္စရေးရဲ့မြို့တော်အဖြစ် ကြေညာတဲ့အပေါ် အမေရိကန်သမ္မတ က ထောက်ခံတာဟာ ငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ တနင်္လာနေ့က ပြောပါတယ်။

အစ္စရေးနိုင်ငံရဲ့ကြေညာချက်ကြောင့် အစ္စလန်မစ်နိုင်ငံတွေက လမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေသလို ဥရောပနိုင်ငံတွေရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး သံရေးတမန်ရေး အကြပ်အတည်းဖြစ်ပေါ်နေစဉ် အတွင်း ဝန်ကြီးချုပ်က အခုလိုပြောဆိုလိုက်တာပါ။

ဝန်ကြီးချုပ် Netanyahu က ဓမ္မဓိဠာန် ကျကျကြည့်ကြပါ၊ ဂျေရူစလင်ဟာ ဂျူးလူမျိုးတွေ ရဲ့မြို့တော်အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကထည်းက ဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဂျေရူစလင်မြို့ကို အစ္စရေးရဲ့မြို့တော်အဖြစ် ကြေညာ ဂျေရူစလင်မြို့ကို အစ္စရေးရဲ့မြို့တော်အဖြစ် ကြေညာ Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.