မျက်နှာဖုံးစွပ် လူသုံးဦး ဓါတ်ဆီဆိုင်ကို ဓားမြတိုက်

စဥ့်ကူးမြို့နယ် စက်သုံးဆီအရောင်းဆိုင်၌ မျက်နှာဖုံးစွပ် လူသုံးဦးက ဓားကိုင်ဝင်ရောက်ကာ ငွေနှင့် ပစ္စည်းများယူဆောင်
စဥ့်ကူး ဒီဇင်ဘာ ၁၁

စဥ့်ကူးမြို့နယ် ရွာတော်လေးကျေးရွာ စိန်မြန်မာ စက်သုံးဆီ အရောင်းဆိုင်၌ ဆိုင်ဝန်ထမ်းများ အိပ်ပျော် နေစဉ် ဆိုင်အတွင်းသို့ မျက်နှာဖုံးစွပ်ထားသူ သုံးဦးက ဓားကိုင်ခြိမ်းခြောက် ဝင်ရောက်ကာ ငွေနှင့် ပစ္စည်းများ လုယက်ယူဆောင်သွားမှု ဒီဇင်ဘာ ၉ ရက်က ဖြစ်ပွား ခဲ့သည်။

စိန်မြန်မာ စက်သုံးဆီအရောင်းဆိုင် မန်နေဂျာ ဦးကျော်လင်းဦးသည် ဆိုင်ရုံးခန်း အနောက်ဘက်ရှိ အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ် လူ သုံးဦး သည် အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကာ ဓားရှည်များပြပြီး အင်္ကျီအိတ်ကပ်အတွင်း ထည့်ထားသော ငွေကျပ် နှစ်သောင်းကျော်နှင့် ငွေကျပ် ၃၅ဝဝဝဝ တန်ဖိုးရှိ ဖုန်း သုံးလုံးတို့ကို ခြိမ်းခြောက်ယူဆောင်ခဲ့သည်။

ဆက်လက်၍ ဆိုင်ဝန်ထမ်း သူရမောင်အား ဝိုင်ယာ ကြိုးများဖြင့် တုပ်၍ ရုံးခန်းအတွင်းရှိ သံသေတ္တာနှင့် ကောင်တာအံဆွဲတို့အား သံရိုက်တူဖြင့် ရိုက်ဖျက်ကာ ငွေကျပ် ၈၄ဝဝဝဝ ကျော်ကို ယူဆောင်ပြီး လက်ပန်လှ ကျေးရွာဘက်သို့ ၄င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ထွက်ခွာသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့် ဆောင်ရွက်ထားရှိ ခဲ့ရာ ဒီဇင်ဘာ ၁ဝ ရက် နံနက် ၃ နာရီ ၂၅ မိနစ်တွင် လက်ပန်လှ ရဲကင်းမှူး ရဲအုပ်ကျော်ခိုင်မိုးနှင့် တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ အမှုမှ ကျူးလွန် ထွက် ပြေးတိမ်းရှောင်သွားသူများအား တိုင်ချက်ပါ ပုံသ္ဌာန် များအရ သွားရောက်ရှာဖွေရာ ကျည်တောက်ပေါက် ကျေးရွာ အမှတ် ၈ ရပ်ကွက် လူမနေသော တဲအိမ် အတွင်း မသင်္ကာဖွယ်လူငယ်တစ်ဦးအား တွေ့ရှိ၍ စစ်ဆေး ရှာဖွေ ရာ ၄င်းတို့မှာ ထွန်းလင်းအောင်(၂၇ နှစ်) ရုံးပင် ချပ်ရပ် နေသူနှင့် ကျော်ဆန်းဝင်း(၁၈ နှစ်) ရွှေလုပ်သား ကျောက်ချောင်းရပ်နေသူများဖြစ်ကြောင်း သိရကာ ၄င်းတို့ထံမှ ငွေကျပ် ၃၇ဝဝဝဝ ခန့်နှင့် ဖုန်းနှစ်လုံး အရိုးအသွား ၁၉ လက်မရှိ ဓားဦးချွန်တစ်ချောင်းတို့နှင့်အတူ တွေ့ရှိရပြီး နောက်တစ်နေ့တွင် ¤င်းတို့အဖွဲ့က ကျန်ရှိသူ လူမုန်းဆိုသူ ကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်းလင်းအောင်၊ ကျော်ဆန်း ဝင်းနှင့် လူမုန်းတို့အား လက်ပန်လှရဲကင်းစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းဇော်ဦး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မျက်နှာဖုံးစွပ် လူသုံးဦး ဓါတ်ဆီဆိုင်ကို ဓားမြတိုက် မျက်နှာဖုံးစွပ် လူသုံးဦး ဓါတ်ဆီဆိုင်ကို ဓားမြတိုက် Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.