မြိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မီးလောင်ကျွမ်း သေဆုံး


၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ၁၇၅၀ အချိန် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ မကျီးစုကျေးရွာနေ ဒေါ်နက်မ(၆၃)နှစ်၊ (ဘ)ဦးထန်းရှိန်၏ ထန်းလက်မိုး၊ ထန်းလက်ကာ နေအိမ်မှ မီးလောင်ကျွမ်း ခဲ့ရာ ဒေါ်နက်မ မှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရပါသည်။

အဆိုပါ မီးလောင်မှုကြောင့် တန်ဖိုးငွေ ၃၇,၅၀၀ကျပ်ခန့် ဆုံးရှုံခဲ့ပြီး ၁၆၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ဒေါ်နက်မမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွား၍ ၂၀၃၀ အချိန် တွင် မြိုင်မြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါသည်။

 ၂၀၅၀ အချိန်တွင် ဒေါ်နက်မ(သေဆုံး)အား မြိုင်မြို့မရဲစခန်း (ပ)၈၁၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က (မီးလောင်မှု/ ပေါ့လျော့မှုကြောင့်လူသေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
မြိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မီးလောင်ကျွမ်း သေဆုံး မြိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မီးလောင်ကျွမ်း သေဆုံး Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.