မောင်တောမြို့၌ ဘင်္ဂါလီ ၂ ဦးထံမှ လက်နက်နှင့် ကျည်ဆံများ ဖမ်းမိ

မောင်တောမြို့၌ ဘင်္ဂါလီ ၂ ဦးထံမှ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခုနှင့် ကျည် ၂၃ တောင့် သိမ်းဆည်းရမိမှု
၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၂၃၀ အချိန် မောင်တောမြို့၊ မြို့မအနောက် ရပ်ကွက်နေ ဇော်မီအာမက်(ခ)ဂျော်မီ(၅၃)နှစ်၏ နေအိမ်အား သတင်းအရ မောင်တောခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေရာ လက်နက်နှင့် ကျည်ဆံများ ဖမ်းဆီးရမိကြောင်း သိရပါသည်။

 ဇော်မီအာမက်(ခ)ဂျော်မီ နှင့် စိုးနိုင်ကျော်(၂၄)နှစ်တို့ ၂ ဦးနှင့်အတူ အိမ်နောက်ဖေးရှိ အိမ်သာပိုက်အောက် မြေကြီး အတွင်း မြှုပ်နှံထားသော USA လုပ် Parabellun-PATENTED စာတမ်းပါ ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၂၃ တောင့် တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

 ဒီဇင်ဘာလ ၁ ရက်နေ့ ၀၂၁၅ အချိန်တွင် ဇော်မီအာမက်(ခ) ဂျော်မီပါ ၂ ဦး(ဖမ်းမိ)အား မောင်တောမြို့မ ရဲစခန်း(ပ)၂၃၇/၂၀၁၇ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

မောင်တောမြို့၌ ဘင်္ဂါလီ ၂ ဦးထံမှ လက်နက်နှင့် ကျည်ဆံများ ဖမ်းမိ မောင်တောမြို့၌ ဘင်္ဂါလီ ၂ ဦးထံမှ လက်နက်နှင့် ကျည်ဆံများ ဖမ်းမိ Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.