တာချီလိတ်၌ ချိန်းတွေသည့် ရည်စားစုံတွဲ အား လူငယ်တစ်စုမှ ၀ိုင်းရိုက်


တာချီလိတ် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက် တာဝေမီးစက် အနောက်ဘက် လယ်စောင့်တဲ့အနီး ချိန်းတွေ့သည့် သမီးရည်စားစုံတွဲအား လူငယ်တစ်စုမှ ၀ိုင်းရိုက်သည့်ဖြစ်စဉ် ဒီဇင်ဘာ ၄ ရက်နေ့ည ၈ နာရီက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မနု(အမည်ပြောင်း)(၂၈နှစ်)သည် နေအိမ်မှ ရည်စားဖြစ်သူ ကိုဇော်ဌေးနှင့် တွေ့ဆုံရန် အာခါဈေးအနီးသို့ ထွက်လာခဲ့ကြောင်းနှစ်ဦး ချိန်းတွေ့နေကျ ၀ိန်းကျောက်ရပ်ကွက်၊ တာဝေမီးစက်အနောက်ဘက်လယ်ကွက်အတွင်းရှိ လယ်စောင့်တဲ့သို့ ထွက်လာခဲ့ကြောင်း၊ လယ်စောင့်တဲ့ပေါ်တွင် ထိုင်ပြီး စကားပြောနေကြစဉ် ည ၈ နာရီအချိန်ခန့်တွင် အသက် ၂၀ ခန့် အမျိုးသားလူငယ် သုံးဦး အနီးသို့ ရောက်ရှိလာပြီး တစ်ဦးမှ ဆဲဆိုကာ မနု၏ ဦးခေါင်းနောက်စေ့အား တုတ်ဖြင့် ၀င်ရောက်ရိုက်နှက်ပြီး ကျန် နှစ်ဦးမှာ ကိုဇော်ဌေးအား ၀င်ရောက်ရိုက်နှက်ခဲ့ကြပြီး ထွက်
ပြေးသွားခဲ့ကြောင်း၊ ၀င်ရောက်ရိုက်နှက်ကြသူ လူငယ် သုံးဦးအား မှောင်နေသဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

အမည်မသိ လူငယ်သုံးဦး ရိုက်နှက်မှုကြောင့် မနု၏ ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲ ဒဏ်ရာ တစ်ချက်နှင့် ကိုဇော်ဦး၏ ဦးခေါင်းနောက်စေ့တွင် ပေါက်ပြဲဒဏ်ရာ ငါးချက်နှင့် ဦးခေါင်းဂျိုစောင်းတွင် ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ အသီးသီးရရှိခဲ့သည်။

အမှုမှ ဆဲဆိုပြီး ရိုက်နှက်ခဲ့သည့် လူငယ်သုံးဦးအား အရေးယူဆောင်ရွက်ဖော်ထုတ်ပေးရန် မနုက တရားလိုပြုလုပ်တိုင် တန်းရာ တာချီလိတ်မြို့မရဲစခန်းက တရားခံဖမ်းဆီးမိ ရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
တာချီလိတ်၌ ချိန်းတွေသည့် ရည်စားစုံတွဲ အား လူငယ်တစ်စုမှ ၀ိုင်းရိုက် တာချီလိတ်၌ ချိန်းတွေသည့် ရည်စားစုံတွဲ အား လူငယ်တစ်စုမှ ၀ိုင်းရိုက် Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.