၁၂ ဘီးယာဉ်တစ်စီး ဒေါင်နေချောင်းဆက်သွယ်ရေးတိုင်အားဝင်တိုက်၊ ချောက်အောက်ထိုးကျ တိမ်းမှောက် အမျိုးသမီးတစ်ဦးသေဆုံး


မကွေး ဒီဇင်ဘာ ၅

၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့ မနက် ၅နာရီ ၄၅မိနစ်အချိန်ခန့်​တွင်​ မ​ကွေတိုင်းဒေသကြီး၊မကွေးမြို့နယ်၊ မကွေး-ရေနံချောင်းကားလမ်း၊ ဒေါင်းနေတံတားကုန်းအဆင်း ၁၂ဘီးယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ ဆက်သွယ်ရေးတိုင်အား ဝင်ရောက်တိုက်မိ ပြီးယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း မကွေးမြို့မရဲစခန်းမှ သိရှိရသည်။


ဖြစ်စဉ်နှင့်ပါတ်သက်ပြီး မကွေးမြို့မရဲစခန်း စခန်းမှူးဒုရဲမှူးစိုးဝင်း၊ဒေါင်းနေရဲကင်းမှူးဒုရဲအုပ်ကျော်သက်နှင့် သက်သေလူကြီးများဖြစ်သော ဦးထွန်းလွင်၊ရွာခွဲတာဝန်ခံ၊ဒေါင်းနေရွာ၊ဦးမြင့်သိန်း၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ အင်တိုင်းကြီးအုပ်စု၊စစ်ကြီးကုန်းကျေးရွာတို့သည် သတင်းရလျှင်ရခြင်း အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာ မနက် ၅နာရီ ၃၀မိနစ်အချိန်ခန့်က မကွေး-ရေနံချောင်းကားလမ်း၊ဒေါင်းနေတံတားကုန်းအဆင်း၊မိုင်တိုင်အမှတ် ၃၄၅/၂ အနီးတွင် ရေနံချောင်းဘက်မှ မကွေးဘက်သို့မောင်းနှင်လာသော အီဆူးဇူး အမျိုးအစား(၁၂)ဘီးယာဉ် ဘောဒီအဖြူရောင်၊ခေါင်းခဲရောင် 4L/ ---------'သည် အရှိန်မထိမ်းနိုင်ဘဲ လမ်းညာဖက်ဘေးရှိ MPT ဆက်သွယ်ရေးတိုင်အား ဝင်ရောက်တိုက်မိပြီး လမ်းဘေးပေ၃၀ခန့်ချောက်အတွင်းသို့ အတည့်ကျရောက်သွားကြောင်းနှင့် တိမ်း​မှောက်​ယာဉ်​​ပေါ်ပါလာသူ မ​အေးပွင့်​ဖြူ၊(အသက်)၃၄/၂၀၁၇နှစ်​၊ ​မှော်​ဘီမြို့မှာ အခင်းဖြစ်​ရာ​နေရာတွင်​ ​သေဆုံးသွားပြီး ယာဉ်​​မောင်းနှင့်အခြားသူများမှာ ထွက်​​ပြေးတိမ်း​ရှောင်​လျက်​ရှိကြောင်းနှင့် ယာဉ်ပေါ်တွင် တရားမဝင်​သစ်၊ ပိ​တောက်​ခွဲသား (စကွဲယား)(၃၀)​ချောင်းခန့်၊ တန်ချိန်(၅)တန်​​ကျော်​ခန့်​အား စပါးခွံဖွဲအိတ်များနှင့်ဖုံးအုပ်သယ်လာသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

တရားမဝင်သစ်များနှင့်ပါတ်သက်ပြီး မကွေးမြို့သစ်တောဦးစီးဌာနမှ ဦခိုင်ဇော်မင်း တောအုပ်နှင့် ဒေါင်းနေကျေးရွာနေ တောခေါင်းဦးထွန်းဝေတို့နှင့်အတူစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ အလောင်းအား မကွေးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရှိသတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍ ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းအား စုံစမ်းအရေးယူနိုင်ရေး ၂၀၁၇ ဒီ ၅ နေ့လည် ၁နာရီ ၃၀မိနစ်အချိန်တွင် မကွေးမြို့မရဲစခန်း ယာဉ်ပ၃၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိပြီး အမှုအား မကွေးမြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

လှိုင်ဘွား ( မြိ့သစ် )
၁၂ ဘီးယာဉ်တစ်စီး ဒေါင်နေချောင်းဆက်သွယ်ရေးတိုင်အားဝင်တိုက်၊ ချောက်အောက်ထိုးကျ တိမ်းမှောက် အမျိုးသမီးတစ်ဦးသေဆုံး ၁၂ ဘီးယာဉ်တစ်စီး ဒေါင်နေချောင်းဆက်သွယ်ရေးတိုင်အားဝင်တိုက်၊ ချောက်အောက်ထိုးကျ တိမ်းမှောက် အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.