နမ့်စန်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရရှိ


၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ ၀၄၂၀ အချိန် ရှမ်းပြည်နယ် နမ့်စန်မြို့နယ်၊ နမ့်ကြုတ်ကျေးရွာအနီး နမ့်စန်-မိုးနဲသွားကားလမ်း၊ မိုင်တိုင် (၁၀/၃-၄)ကြား၌ မြူနှင်းများကျနေသောကြောင့် မိုးနဲမြို့ဘက်မှ နမ့်စန်မြို့ဘက်သို့ ဦးလုံအိန္တ၊ (၅၀)နှစ်၊ မိုးနဲမြို့နေသူ မောင်းနှင်လာသည့် 8B/×××× Canter ၆ ဘီးယာဉ်သည် လားရာတူလမ်းဘေးတွင် ဆီပြတ်၍ ရပ်တန့်ထားသည် ထွန်းမြတ်သူ၊ (၂၅)နှစ်၊ နမ့်စန်မြို့နေသူ မောင်းနှင်ပြီး တရားဝင်သစ်လုံးများ တင်ဆောင်ထားသည့် 9B/×××× Isuzu ၁၀ ဘီးယာဉ် နောက်ပိုင်းအား တိုက်မိခဲ့ပါသည်။

 ယာဉ်တိုက်မှုကြောင့် 8B/×××× Canter ယာဉ်ပေါ်ရှိ ဦးလုံအိန္တပါ ၂ ဦး(ကျား ၁၊ မ ၁)တို့တွင် နှာခေါင်းသွေးထွက်၊ ပေါင်/ခြေသလုံး ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဒေါ်အေးရင်၊ (၅၅)နှစ်၊ မိုးနဲမြို့ပါ ၁၄ ဦး(ကျား ၃၊ မ ၁၁)တို့တွင် ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဦးလုံအိန္တ(သေဆုံး)အား နမ့်စန်မြို့မရဲစခန်း ယာဉ်(ပ)၂၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်


နမ့်စန်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရရှိ နမ့်စန်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၂ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.