ငပုတောမြို့နယ်၊ ကျေးရွာအချို့တွင် တောဆင်ရိုင်းများဝင်ရောက်ကာ လူနေအိမ်နှင့် စိုက်ခင်းများအား ဖျက်ဆီးမှုဖြစ်ပွား


ငပုတော၊ ဒီဇင်ဘာ ၄ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဒီဇင်ဘာလ ၃ ရက်ညနေပိုင်းက တောဆင်ရိုင်းများ ၀င်ရောက်ကာ လူနေအိမ်နှင့် စိုက်ခင်များကို ဖျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

ငပုတောမြို့နယ်၊ အာကာကျေးရွာအုပ်စုအတွင်းသို့ တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီးခံခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒေသခံပြည်သူများ ကြောက်လန့်မှုတွေ့ရှိနေပြီး ဆင်များဝင်ရောက်စဉ် ယမန်နေ့ညက လည်း သစ်တောရဲတပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ခြောက်လှန့်ပြီး မောင်း ထုတ်ခဲ့ရကြောင်း သိရသည်။

တောဆင်ရိုင်း (၁၀) ကောင်ခန့် ကျေးရွာအတွင်းသို့ ၀င်ရောက်ဖျက်ဆီး မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီ သက်ဆိုင်ရာတာဝန်ရှိသူများမှ သစ်ထုတ်လုပ် ရေးမှ ကွန်ဂျီဆင်တွေနဲ့ ပြန်မောင်းထုတ်ရန်စီစဉ်ထားရှိပြီး ကျေးရွာ အတွင်းဝင်ရောက်ဖျက်ဆီးခဲ့တဲ့တောဆင်ရိုင်းများမှာ ညဘက်တောထဲ သို့ပြန်ဝင်သွားပြီး ပြန်ထွက်လာမှုမျိုးမရှိတော့ကြောင်း သိရသည်။

ငပုတောမြို့နယ်အတွင်းမှ ကျေးရွာများသို့ မကြာခဏဆိုသလို တော ဆင်ရိုင်းများဝင်ရောက်မှုတွေရှိနေပြီ ထိုကဲ့သို့ ၀င်ရောက်မှုနှင့်ပတ်သက် ၍ ဆင်မုဆိုးများ၏ အန္တရာယ်ပြုမှုကြောင့်လားဆိုတာကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုအတွင်းမှ ကျေးရွာအချို့သို့ တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးခဲ့မှုဖြစ်ပွားခဲ့သည်။

ဧရာဝတီတိုင်း
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ငပုတောမြို့နယ်၊ ကျေးရွာအချို့တွင် တောဆင်ရိုင်းများဝင်ရောက်ကာ လူနေအိမ်နှင့် စိုက်ခင်းများအား ဖျက်ဆီးမှုဖြစ်ပွား ငပုတောမြို့နယ်၊ ကျေးရွာအချို့တွင် တောဆင်ရိုင်းများဝင်ရောက်ကာ လူနေအိမ်နှင့် စိုက်ခင်းများအား ဖျက်ဆီးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.