နယူးယောက် ကားဂိတ် ပေါက်ကွဲမှု သံသယရှိသူတဦးဖမ်းမိ


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က စီမံခန့်ခွဲတဲ့ ခရီးသည်တင်ကားဂိတ် Port Authority Bus Terminal အနီးမှာ အခု မနက်ပိုင်း ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး သံသယရှိသူ တဦးကို ဖမ်းထားကြောင်း နယူးယောက် ရဲအဖွဲ့က ပြောပါတယ်။

သံသယရှိသူ အမျိုးသားကို ဖမ်းဆီးထားကြောင်း၊ အခင်းဖြစ်တဲ့ နေရာမှာ သူတဦးသာ ဒဏ်ရာရထားကြောင်း ရဲက အတည်ပြုပါတယ်။ ဘယ်လို ဖောက်ခွဲပစ္စည်း သုံးခဲ့သလဲ ဆိုတာကိုတော့ အာဏာပိုင်တို့ အတည်မပြုသေးပါဘူး။

အစောပိုင်း သတင်းတွေမှာတော့ ပိုက်ဗုံးပေါက်ကွဲတာလို့ ဖော်ပြနေကြတာပါ။ အဲဒီ နေရာတ၀ိုက်က မြေအောက်ရထားလိုင်း သုံးခုကိုလည်း ပြောင်းရွှေ့ထားပြီး တခြား မြေအောက်ရထားလိုင်းတွေလည်း ပေါက်ကွဲမှု ဖြစ်တယ်ဆိုတဲ့ ခရီးသွားတွေ အသွားအလာများရာ မက်ဟန်တန် အရပ်က Time Sqauare က ၄၂ လမ်းမှာ မရပ်ဘဲ ပြေးဆွဲနေကြပါတယ်။

အခု အဖြစ်အပျက်ကို သမ္မတ Donald Trump ထံ တင်ပြထားပြီး ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders က တွစ်တာ လူမှုကွန်ယက်မှာ ပြောဆိုထားပါတယ်။ နယူးယောက် အုပ်ချုပ်ရေးမှူး Andrew Cuomo နဲ့ နယူးယောက် မြို့တော်ဝန် Bill de Blasio တို့ကိုလည်း တင်ပြထားပြီး ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
နယူးယောက် ကားဂိတ် ပေါက်ကွဲမှု သံသယရှိသူတဦးဖမ်းမိ နယူးယောက် ကားဂိတ် ပေါက်ကွဲမှု သံသယရှိသူတဦးဖမ်းမိ Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.