အစိုးရဆန့်ကျင်တဲ့ ဗီယက်နမ် ဘလော့ဂါတစ်ဦး ထောင် ၁ဝ နှစ်ချ


ဗီယက်နမ်နိုင်ငံမှာ ထင်ရှားတဲ့ အင်တာနက် ဘလော့ဂါတစ်ဦးကို အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်ချိမှုနဲ့ ထောင် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေက ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ် ငုရင် ကွန်း Nguyen Quynh ဆိုသူဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဉ် လူသေဆုံးမှုဖြစ်ရပ်တွေကို ဖော်ထုတ်ရေးသားတဲ့အတွက် သူသိများထင်ရှားတဲ့ အမျိုးသမီး ဘလော့ဂါတစ်ဦး ဖြစ်လာသူပါ။

သူမရဲ့ရှေ့နေကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မမျှတဘူးလို့ ပြောပါတယ်။ ကွန်း အနေနဲ့ နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူသာဖြစ်ပြီး၊ အပြစ်မရှိဘူးလို့ ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေးတွေ အတိုင်းအတာတစ်ခုအထိ လမ်းဖွင့်ဆောင်ရွက်ခဲ့ပေမယ့်၊ ကွန်မြူနစ်အစိုးရက မီဒီယာဆင်ဆာဖြတ်တောက်မှုတွေကို တင်းကြပ်ထားဆဲဖြစ်သလို၊ အစိုးရအပေါ်ဝေဖန်မှုတွေကိုလည်း သည်းခံမှု မရှိပါဘူး။

ပြီးခဲ့တဲ့လပိုင်းအတွင်း လူမှုကွန်ရက်ပေါ်ကနေ အစိုးရကို ဝေဖန်သူတွေကို ပစ်မှတ်ထားပြီး ဖြိုခွင်းလာခဲ့တာ ဖြစ်ပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese
အစိုးရဆန့်ကျင်တဲ့ ဗီယက်နမ် ဘလော့ဂါတစ်ဦး ထောင် ၁ဝ နှစ်ချ အစိုးရဆန့်ကျင်တဲ့ ဗီယက်နမ် ဘလော့ဂါတစ်ဦး ထောင် ၁ဝ နှစ်ချ Reviewed by THITHTOOLWIN on 01:20 Rating: 5
Powered by Blogger.