(DKBA) ခွဲထွက်အဖွဲ့မှ တပ်မှူးတဦးဖြစ်သည် ဗိုလ်ကျော်သက် မြေမြုပ်မိုင်းဒဏ်သင့်ဟု သတင်းများထွက်ပေါ်

ပုံစာ - ဗိုလ်ကျော်သက် ။
နိုဝင်ဘာ - ၂၆ - ၂၀၁၇

(ဒီကေဘီအေ) ခွဲထွက်အဖွဲ့မှ ဗိုလ်ကျော်သက်နှင့်တပ်ဖွဲ့ဝင် (၂) ဦးတို့သည့် မြေမြုပ်မိုင်းဒဏ်သင့်၍ ဒဏ်ရာပြင်းထန်စွာရရိှခဲ့ကြောင်း ကရင်လက်နက်ကိုင်အဖွဲ့စည်းကြီးတခုမှလာသည့် သတင်းများအရ သိရှိရသည်။

သောကြာနေ့မွန်းလွဲ (၂) နာရီကျော်က ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ် မာနယ်ပလောဒေသအနီး သံလွင်မြစ်ကမ်းနားအနီးတွင် မိုင်းဒဏ်သင့်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ကရင်အမျိုးသားမီဒီယာက သီခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးဘဲ နောက်ဆက်တွဲသတင်းများကို ဆက်လက်တင်ပြပေးသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ နယ်နှင့်ကပ်လျက် ထာ့ဆောင်ရမ်းမြို့နယ်အတွင်းပြုလုပ်သည့် နယ်ခြားဆိုင်ရာဆွေးနွေးပွဲမှပြန်လာကြသည့် မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်နှစ်ဦး ထိုင်းစစ်တပ်မှတပ်ဖွဲ့ဝင်နှစ်ဦး ကရင်အမျိုးသားနှစ်ဦး စုစုပေါင်း(၆) ဦး စီးနှင်းလိုက်ပါလာသည့်ကား လမ်းခရီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လိုက်ပါလာသူများထဲမှ (၄) ဦးသေဆုံးပြီး (၂) ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြသည်ဟု ထိုင်းဘက်မှလာသည့် သတင်းများအရ သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ
(DKBA) ခွဲထွက်အဖွဲ့မှ တပ်မှူးတဦးဖြစ်သည် ဗိုလ်ကျော်သက် မြေမြုပ်မိုင်းဒဏ်သင့်ဟု သတင်းများထွက်ပေါ် (DKBA) ခွဲထွက်အဖွဲ့မှ တပ်မှူးတဦးဖြစ်သည် ဗိုလ်ကျော်သက် မြေမြုပ်မိုင်းဒဏ်သင့်ဟု သတင်းများထွက်ပေါ် Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.