ဗီယက်နမ် နိုင်ငံ တွင် Damrey မုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံး ပြီး ၂၉ ဦး ပျောက်ဆုံး

ဗီယက်နမ် နိုင်ငံ အလယ်ပိုင်း သို့ Damrey မုန်တိုင်း ဝင်ရောက် တိုက်ခတ်နေစဉ်(ဆင်ဟွာ)
    ဒါနန်း ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

    ဗီယက်နမ် နိုင်ငံ ဗဟို သဘာဝဘေး တားဆီးကာကွယ် ညွှန်ကြားရေး ကော်မတီ က နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်း အချိန်၌ ဗီယက်နမ် နိုင်ငံ အလယ်ပိုင်း သို့ စတင်ဝင်ရောက် ခဲ့သည့် Damrey မုန်တိုင်းကြောင့် လက်ရှိချိန်ထိ လူပေါင်း ၂၉ ဦး သေဆုံး ပြီး ၂၉ ဦး ပျောက်ဆုံး နေကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ပျောက်ဆုံး နေသူများအတွင်း မှ ၁၇ ဦး သည် ကုန်သင်္ဘော ၇ စင်း မှ သင်္ဘောသား များ ဖြစ်ကြောင်း ၊ မုန်တိုင်း ဝင်ရောက် ချိန်တွင် ၄င်းသင်္ဘောများမှာ နစ်မြုပ်သွား ခဲ့ကြပြီး ထိုစဉ် က သင်္ဘော များပေါ်တွင် လူပေါင်း ၇၆ ဦး ရှိခဲ့ရာ ပျောက်ဆုံး နေသူများမှအပ ကျန်သူများကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ၊ နစ်မြုပ်သွား ခဲ့ကြသည့် သင်္ဘော များသည် မည်သည့် နိုင်ငံ မှ သင်္ဘော များဖြစ်ကြောင်း ကို စုံစမ်းနေဆဲ ဖြစ်ပြီး ပျောက်ဆုံးနေသူ အများစု မှာ ဗီယက်နမ် နိုင်ငံ သား ဖြစ်ကြောင်း သိရှိခဲ့ရသည်။

Damrey မုန်တိုင်း ကြောင့် လက်ရှိချိန်တွင် အဆောက်အဦ ပေါင်း ၅၀၀ ခန့် ပျက်စီးခဲ့ရပြီး ဗီယက်နမ် နိုင်ငံ အလယ်ပိုင်း ဒေသရှိ ကားလမ်းများ နှင့် ရထား လမ်းများသည် မုန်တိုင်းကြောင့် သွားလာနိုင်ခြင်း မရှိတော့ကြောင်း ၊ အချို့ဒေသများ တွင် လျှပ်စစ်မီးများ ပြတ်တောက် သွားခဲ့ကြောင်း သိရှိရသည်။

ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Nguyễn Xuân Phúc က သက်ဆိုင်ရာ ဌာန များအနေဖြင့် ပျောက်ဆုံး နေသူများကို ရှာဖွေရန် ညွှန်ကြား ခဲ့ပြီး မုန်တိုင်းကြောင့် ဖြစ်ပွားလာသည့် သက်ရောက်မှုများကို ဖြေရှင်းဆောင်ရွက်ရန် ပြောကြား ခဲ့ကြောင်း သိရှိခဲ့ရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဗီယက်နမ် နိုင်ငံ တွင် Damrey မုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံး ပြီး ၂၉ ဦး ပျောက်ဆုံး ဗီယက်နမ် နိုင်ငံ တွင် Damrey မုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံး ပြီး ၂၉ ဦး ပျောက်ဆုံး Reviewed by THITHTOOLWIN on 16:41 Rating: 5
Powered by Blogger.