လူသတ်ပြီး နေအိမ်မီးရှို့မှု ပဲခူး၌ ဖြစ်ပွား


(၂၀၁၇) ခုနှစ်၊ နိုဝင်ဘာ(၅)ရက် နံနက်(၁)နာရီက ပဲခူးမြို့ ဘုရားကြီး နယ်မြေရဲစခန်း အပိုင်ဖြစ်တဲ့ သပြေရိုးကျေးရွာအုပ်စု၊ တောင်ဆပ်အင်းကျေးရွာမှာ လူသတ်ပြီး ကိုယ့်အိမ်ကိုပြန်လည်မီးရှို့မှုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။


 ဖြစ်စဉ်မှာတောင်ဆပ်အင်းကျေးရွာနေ မအေးခိုင်နဲ့ခင်ပွန်းဖြစ်သူဝင်းပိုင်တို့လင်မယားချင်းစကား များရန်ဖြစ်နေချိန်၊ တစ်ရွာတည်းနေ ဦးမြင့်နိုင်ကဝင်ရောက် ဖျန်ဖြေပေးရာ ဝင်းပိုင်က ဦးမြင့်နိုင်ကိုဓားနဲ့ခုတ်ပြီးသူ ပိုင်ဆိုင်တဲ့တောင်ထန်းမိုး၊ တောင်ထန်းကာ၊ မြေစိုက်နေအိမ်ကိုပါ မီးရှို့ဖျက်စီးခဲ့တယ်လို့ ဘုရားကြီးနယ်မြေရဲစခန်း ရဲမှတ်တမ်း အရသိရပါတယ်။

 ဒါ့ကြောင့်လူသတ်ပြီး ကိုယ့်အိမ်ကိုကိုယ်တိုင်ပြန်လည်မီးရှို့ဖျက်စီးခဲ့တဲ့ဝင်းပိုင်ကို ဘုရားကြီးနယ်မြေရဲစခန်းက အမှုကြီးအမှတ်စဉ်၃/၂၀၁၇(ပ)၂၅၁/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ၃၀၂/၄၃၆တို့နဲ့ အမှုဖွင့် အရေးယူ ထားတယ်လို့သိရပါတယ်။ ဒီသတင်းကိုပဲခူးဗျူရို ကအောင်စည်သူဖြိုးပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
လူသတ်ပြီး နေအိမ်မီးရှို့မှု ပဲခူး၌ ဖြစ်ပွား လူသတ်ပြီး နေအိမ်မီးရှို့မှု ပဲခူး၌ ဖြစ်ပွား Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.