အတိုက်အခံခေါင်းဆောင် တည်ထောင်ထားတဲ့ CCHR ကို ဖျက်သိမ်းဖို့ ဟွန်ဆန်ပြော

Photo: Samdech Hun Sen, Cambodian Prime Minister Facebook
ဖမ်းဆီးခံထားရတဲ့ အတိုက်အခံခေါင်းဆောင် တည်ထောင်တဲ့ CCHR- ကမ္ဘောဒီးယား လူ့အခွင့်အရေးဌာနကို ဖျက်သိမ်းဖို့ ဝန်ကြီးချုပ် ဟွန်ဆန်က မနေ့က တိုက်တွန်းလိုက်ပါတယ်။

CCHR ကို ကမ္ဘောဒီးယားလူမျိုးတွေ တည်ထောင်တာမဟုတ်ဘဲ နိုင်ငံခြားသားတွေ တည်ထောင်တဲ့အတွက် ပိတ်ပစ်ရမယ်လို့ ကမ္ဘာ့သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်ဟွန်ဆန်က ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကိစ္စဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။

အတိုက်အခံကို အမေရိကန်ရဲ့ လူမမယ်ကလေးလို့လည်း ပြောပြီး အမေရိကန်သမ္မတ ဒေါ်လ်နယ်ထရမ့်နဲ့ ဖိလစ်ပိုင်မှာ ဒီလထဲတွေ့တုန်းက အဲဒီအတိုင်းပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Kem Sokha ၂၀၀၇ ခုနှစ်မှာ နိုင်ငံရေးလောကထဲ ပြန်ဝင်မလာခင် CCHR ကို ၂၀၀၂ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

သူ့ကို စက်တင်ဘာလကဖမ်းဆီးပြီး အမေရိကန်အကူအညီနဲ့ အာဏာရယူဖို့ ကြံစည်တဲ့အတွက် နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲချက်တင်ရုံမက သူ့ပါတီကို ဗဟိုတရားရုံးက ဒီလထဲမှာ အစိုးရအလိုကျ ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီစွပ်စွဲတာ မမှန်ဘူးလို့ အတိုက်အခံခေါင်းဆောင်က ပြောပါတယ်။

ဒီလို အဓိကအတိုက်အခံပါတီကို ဖျက်သိမ်းပြီး မီဒီယာတချို့ကို ဖိနှိပ်တဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံကို အနောက်နိုင်ငံက အလှူရှင်တွေက ဝေဖန်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အတိုက်အခံခေါင်းဆောင် တည်ထောင်ထားတဲ့ CCHR ကို ဖျက်သိမ်းဖို့ ဟွန်ဆန်ပြော အတိုက်အခံခေါင်းဆောင် တည်ထောင်ထားတဲ့ CCHR ကို ဖျက်သိမ်းဖို့ ဟွန်ဆန်ပြော Reviewed by THITHTOOLWIN on 12:13 Rating: 5
Powered by Blogger.