တောဆင်ရိုင်းတွေ ၀င်ရောက် သောင်းကျန်းမှုကြောင့် စေတီတော်နဲ့ ထိုင်တော်မူစေတီတွေ ပျက်စီး


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အင်ကြင်းမော်ရွာ ရွှေမင်းဝံတောင်ပေါ် ဘုန်းကြီးကျောင်းကို တောဆင်ရိုင်း (၄)ကောင် နိုဝင်ဘာလ(၂၆)ရက်က ၀င်ရောက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 တောဆင်ရိုင်းတွေရဲ့ ၀င်ရောက်ဖျက်ဆီးမှုကြောင့် ကျောင်းပရ၀ုဏ်အတွင်း တည်ထားတဲ့ အရံစေတီ(၃)ဆူနဲ့ ထိုင်တော်မူရုပ်ပွားတော်တစ်ဆူ ပျက်စီးသွားတယ်လို့ ဟုမ္မလင်းမြို့မရဲစခန်းက သိရပါတယ်။


 တောဆင်ရိုင်းတွေက နိုဝင်ဘာလ(၂၅)ရက်ကတည်းက အင်ကြင်းမော်ကျေးရွာနဲ့ (၅)မိုင်ခန့်ဝေးတဲ့ ထိုးကျတောင်တန်းတောအတွင်းကို ရောက်ရှိ လာခဲ့တာဖြစ်ပြီး ၀င်ရောက်ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 လက်ရှိမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေက မီးတုတ်တွေ၊ ဗြောက်အိုးတွေဖောက်ပြီး ခြောက်လှန့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း - မျိုးဝင်းထွန်း(မုံရွာ) (5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ