မြောက်ကိုရီးယားကို တရုတ်သမ္မတ ကိုယ်စားလှယ် စေလွှတ်မည်


အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အာရှခရီးစဉ် အဆုံးသတ်လိုက်ပြီးတဲ့နောက် မြောက်ကိုရီးယားနိုင်ငံကို တရုတ်နိုင်ငံက အထူးကိုယ်စားလှယ်တစ်ဦး စေလွှတ်ပါမယ်။

သမ္မတရှီကျင့်ပင်ရဲ့ အထူးကိုယ်စားလှယ် Song Tao ဟာ မြောက်ကိုရီးယားနိုင်ငံကို သောကြာနေ့မှာ သွားရောက်မယ်လို့ ဆင်ဟွာသတင်းက ဖော်ပြပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။

အမေရိကန်သမ္မတ ဒေါ်လ်နယ်ထရမ့်ရဲ့ အာရှ ငါးနိုင်ငံခရီးပြီးဆုံးပြီး နောက်တရက်မှာ ဒီကြေညာချက်ထွက်ပေါ်လာတာပါ။

အမေရိကန်သမ္မတရဲ့ အာရှ ခရီးစဉ်အတွင်း တရုတ်သမ္မတနဲ့လည်း တွေ့ဆုံဆွေးနွေးပါတယ်။ မြောက်ကိုရီးယားကို ထိန်းဖို့ တရုတ်သမ္မတကို အမေရိကန်သမ္မတက တိုက်တွန်းပြီး အချိန်သိပ်မရှိတော့ဘူးလို့လည်း သတိပေးပါတယ်။

နျူကလီးယားလက်နက်နဲ့ ဒုံးကျည်အစီစဉ်တွေ ရပ်တန့်သွားအောင် မြောက်ကိုရီးယားအပေါ် တရုတ်ရဲ့ စီးပွားရေးသြဇာသက်ရောက်နေတာက အချက်အချာကျတယ်လို့ အမေရိကန်အစိုးရက ယူဆထားပါတယ်။

မြောက်ကိုရီးယားကို တိုးမြှင့်ပိတ်ဆို့အရေးယူမယ်လို့ အမေရိကန်သမ္မတ ထရမ့်က တရုတ်သမ္မတ ရှီကျင့်ပင်ကို တနင်္ဂနွေနေ့က ပြောကြားပေမဲ့ တရုတ်နိုင်ငံကတော့ မြောက်ကိုရီးယားကို ပြစ်ဒဏ်ခတ်မယ့် အစီစဉ်သစ်ဆိုလို့ ဘာတခုကိုမှ မကြေညာပါဘူး။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယားကို တရုတ်သမ္မတ ကိုယ်စားလှယ် စေလွှတ်မည် မြောက်ကိုရီးယားကို တရုတ်သမ္မတ ကိုယ်စားလှယ် စေလွှတ်မည် Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.