စစ်တွေ - ရန်ကုန် ကားလမ်းဘေးမှာ ပေါက်ကွဲမှုဖြစ်


ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ဖါးပြိုကျေးရွာ စစ်တွေ - ရန်ကုန်ကားလမ်းဘေးမှာ ဒီကနေ့ နံနက် (၉) နာရီကျော်ခန့်က ဗုံး (၃) လုံး ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှ သိရပါတယ် ။

 စစ်တွေ - ရန်ကုန် ကားလမ်း မိုင်တိုင် အမှတ် (၈၄/၄) အနားက တံတားမှာဖြစ်ပွါးခဲ့တာဖြစ်ပြီးတော့ ရန်ကုန် ကနေ စစ်တွေကို စားနပ်ရိက္ခာတွေ သယ်ဆောင်လာတဲ့ အမှတ်(၈၂၈)က ထောက်ပံ့ရေး တပ် မော်တော်ယာဉ်သုံးစီးဖြတ်သန်းစဉ် ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။

 ပေါက်ကွဲမှုကြောင့် ရိက္ခာ တင်ဆောင်တဲ့ ယာဉ်သုံးစီးလုံးမှာ လေကာမှန်ကွဲသွားခဲ့ပြီး ပျက်စီးမှုအနည်းငယ် ဖြစ်ပွားခဲ့ကာ ယာဉ်မောင်းတပ်သား ကြာအောင် ရဲ့ မျက်နှာမှာ မှန်ကွဲစတွေထိမှန်တာကြောင့် ဒဏ်ရာအနည်း ငယ်ရရှိခဲ့တယ်လို့ လက်တလော အချက်အလက်တွေအရ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိမှာ နယ်မြေရှင်းလင်းမှုတွေဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်းထောက် ………….. လဝန်းရံ (စစ်တွေမြို့)
5 PLUS NEWS
https://www.facebook.com/5plusnews/
စစ်တွေ - ရန်ကုန် ကားလမ်းဘေးမှာ ပေါက်ကွဲမှုဖြစ် စစ်တွေ - ရန်ကုန် ကားလမ်းဘေးမှာ ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.