မိုးညှင်းမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး


မိုးညှင်း၊ နိုဝင်ဘာ ၁၇

မိုးညှင်းမြို့ ဘောဓိကုန်းကျေးရွာတွင်  စိတ်ရောဂါရှိနေသူ အမျိုးသားတစ်ဦး နေအိမ်တန်းမြေပြင် (၆)ပေခန့် အမြင့်မှ ကြိုးဆွဲချသေဆုံးမူ နိုဝင်ဘာ ၁၆ ရက်နေ့ နေ့လည် ၃နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူမှာ အသက်၃၃နှစ်ရှိဇော်သန်းဆိုသူဖြစ်ပြီး ယခင်ကမူးယစ်ဆေးဝါး အမှုဖြင့် ထောင်ကျကာ ဇူလိုင်၁၀ရက်နေ့ထွက်ရှိလာရာမှ ပြင်ပတွင်မူးယစ်ဆေးဝါးပြန်လည်သုံးစွဲခဲ့ကြောင်းဇနှီးဖြစ်သူ မနွဲ့မူကမှပြောသည်။

“ကျမကအိမ်ပတ်ဝန်းကျင်ကနာရေးကူပြီး အပြန် မှာ ဇော်သန်းကြိုးဆွဲချ သေဆုံးနေတာကိုတွေ့ ရတယ်   သူ ထောင်ကထွက်လာပြီးမူးယစ်ဆေးကိုပြန်သုံးတယ် ကျန်မာရေးမကောင်းလို့လွန်ခဲ့တဲ့(၅)လခန့် မသုံးတော့ဘဲဖြတ်လိုက်တယ် အဲဒီနောက်ပိုင်းမှာစိတ်ကြောင်နေတယ်”ဟုဇော်သန်း၏ဇနီး မနွဲ့မူကရှင်းပြ သည်။

အဆိုပါဖြစ်စဉ်ကို မိုးညှင်းမြို့မရဲ စခန်း ဒုစခန်းမှူးရဲအုပ်ညွှန့်လှိုင်နှင့်ဘောဓိကုန်းရပ်ကွက်ရာ အိမ်မှူး ဦးသိန်းလင်း၊ ဟဲလုံကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်သောင်းတို့ကသွားရောက်စစ်ဆေးခဲ့ရာ ဇော်သန်း ၏နေ အိမ်ဝင်းအတွင်း စပါးကျီအနီးရှိ နေအိမ် ၏ ဆင့်တန်းတွင် ပန်းရောင်ထမိန်အားလိမ်ကျစ်၍ ချည်နှောင်ကာ ကြိုးဆွဲချသေဆုံးနေကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကိုဓမ္မတာအတိုင်းသေဆုံးမှုဟုတ်မဟုတ်သိရှိနိုင်ရန် မိုးညှင်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (ပ)၃၉ ဖြင့်အမှုဖွင့်ကာ ဆက်လက်စုံစမ်းနေကြောင်းသိရသည်။

သီဟ / EPN
ထာဝရ ငြိမ်းချမ်းရေး သတင်းကွန်ရက်
https://www.facebook.com/epngnews
မိုးညှင်းမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး  မိုးညှင်းမြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.