သာယာဝတီ မြို့နယ်တွင်(၁၀)တန်း ကျောင်းသူ တစ်ဦးထင်းပုံဘေး အပေါ့သွားစဉ် မြွေကိုက်သေဆုံး


သာယာဝတီ - နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ အသရော်အုပ်စု၊ ပြည်တော်သာရွာတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၆နာရီ အချိန်တွင် ဆယ်တန်းကျောင်းသူ တစ်ဦး အိပ်ယာထ စာကျက်​ပြီး အိမ်ဘေးထင်းပုံဘေး အပေါ့ သွားရာ မြွေဟောက်ကိုက်၍ သေဆုံးသွားကြောင်း ပြည်တော်သာကျေးရွာ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။


အဆိုပါသေဆုံးသူသည် ပြည်​​တော်​သာ​ကျေးရွာတွင်​​နေထိုင်​ သူ မပွင့်ဦးဝေ အသက်(၁၆)နှစ် ဖြစ်ပြီး ဆယ်တန်းကျောင်းသူတစ်ဦးဖြစ်ကြောင်း မြွေကိုက်ခံရ၍ အသရော်ကျေးလက်ကျန်းမာရေးဆေးခန်းသို့ ပို့ဆောင်စဉ် လမ်းတဝက်အ​ရောက်​တွင် ​သေဆုံးသွားကြောင်း မိခင်​ဖြစ်​သူ ဒေါ်မြစန်းက ပြောသည်။

ဓါတ်ပုံ - Waddykhin Khin Lay
ထွန်းလှိုင်​(မြိုင်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သာယာဝတီ မြို့နယ်တွင်(၁၀)တန်း ကျောင်းသူ တစ်ဦးထင်းပုံဘေး အပေါ့သွားစဉ် မြွေကိုက်သေဆုံး သာယာဝတီ မြို့နယ်တွင်(၁၀)တန်း ကျောင်းသူ တစ်ဦးထင်းပုံဘေး အပေါ့သွားစဉ် မြွေကိုက်သေဆုံး Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.