ငါးခူးရနယ်မြေရဲစခန်းမှ တရားခံပြေး ဘင်္ဂါလီ(၁)ဦးအား ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ


၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၃နာရီ အချိန်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ မလေးရှားလေကြောင်းလိုင်းဖြင့် ရောက်ရှိလာသူ မောင်တော်မြို့ နယ် ငါးခူးရနယ်မြေ ရဲစခန်း၏ တရားခံပြေး ကျော်မြင့်(ခ) မော်လဝီမိုဟာမတ်ဒူလ္လာ အား  ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိကြောင်း သိရပါသည်။

 မောင်တော်မြို့ နယ် ငါးခူးရနယ်မြေ ရဲစခန်း၏(ပ)၂၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၃၃/ ၃၀၇/၃၄ အမှုမှ တရားခံပြေး ကျော်မြင့်(ခ) မော်လဝီမိုဟာမတ်ဒူလ္လာ၊ (၄၄)နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်၊ (ဘ) ဆော်ဖီရို၊ မအူကုန်းရပ်ကွက်၊ တာမွေ မြို့နယ်နေသူအား ရန်ကုန်လေဆိပ် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အဆိုပါ တရားခံပြေးအား မင်္ဂလာဒုံမြို့မ ရဲစခန်းမှူးထံ လွှဲပြောင်းအပ်နှံခဲ့ပြီး ငါးခူးရနယ်မြေရဲစခန်းသို့ ဆက်လက်လွှဲပြောင်းနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ငါးခူးရနယ်မြေရဲစခန်းမှ တရားခံပြေး ဘင်္ဂါလီ(၁)ဦးအား ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ ငါးခူးရနယ်မြေရဲစခန်းမှ တရားခံပြေး ဘင်္ဂါလီ(၁)ဦးအား ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.