လှိုင်သာယာမြို့နယ်အတွင်း ဆိုးသွမ်းရမ်းကားသူများကို ပိတ်ဆို့ ရှာဖွေဖမ်းဆီး

လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်တိုင်းဒေကြီးရဲတပ်ဖွဲ့က ပိတ်ဆို့ ရှာဖွေဖမ်းဆီးခြင်းများဆောင်ရွက်
ရန်ကုန်၊ နိုဝင်ဘာ ၂၈

နိုဝင်ဘာ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်အတွင်း ဆိုးသွမ်းရမ်းကားသူများဖြစ်သည့် တင်လှ (၄၇)နှစ်နှင့် စန်းနိုင်ထွန်း (၃၃)နှစ်တို့အား ခြေချုပ်နှင့် ခံဝန်ဥပဒေအရ လည်းကောင်း၊ ဝေဖြိုးမောင် (၁၉)နှစ်အား လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း၊ (၁၅)ရပ်ကွက်နေ သိန်းဝင်း(၃၇)နှစ်အား ရဲအက်ဥပဒေဖြင့် လည်းကောင်း အရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှိုင်သာယာမြို့မရဲစခန်းအနေဖြင့် မတ်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ လက်နက်အက်ဥပဒေပုဒ်မ ၁၉ (င)ဖြင့် အရေးယူဆောင်ရွက်ခဲ့သည့် အမှုပေါင်း(၁၅၈)မှု၊ ပြစ်မှုကျူးလွန်တတ်သူများအား ခြေချုပ်နှင့် ခံဝန် ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သည့် အမှုပေါင်း (၃၈၄)မှုဖမ်းဆီးဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လှိုင်သာယာမြို့နယ်တွင် မှုခင်းပညာပေးဆောင်ရွက်ခြင်းနှင့် ခိုး၊ ဆိုး၊ လု၊ နှိုက်ဖမ်းဆီး ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
လှိုင်သာယာမြို့နယ်အတွင်း ဆိုးသွမ်းရမ်းကားသူများကို ပိတ်ဆို့ ရှာဖွေဖမ်းဆီး  လှိုင်သာယာမြို့နယ်အတွင်း ဆိုးသွမ်းရမ်းကားသူများကို ပိတ်ဆို့ ရှာဖွေဖမ်းဆီး Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.