မိုးကာ​ပျောက်​သည့် ကိစ္စ စကားများပြီး လူသတ်​မှုဖြစ်​ပွား


ကချင်​ပြည်​နယ်​၊ ဗန်း​မော်​မြို့နယ်​တွင်​ မိုးကာ​ပျောက်​သည့်ကိစ္စနှင့် ပတ်​သက်​ပြီး စကားများရာမှ လူသတ်​မှုဖြစ်​ပွားခဲ့​သဖြင့် နိုဝင်​ဘာ ၇ ရက်​​နေ့က အမှုဖွင့်လှစ်​ခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ ဗန်း​မော်​မြို့နယ်​၊ တိန်း​သော်​​ကျေးရွာအုပ်​စု၊ ​နောင်းလန်​​ကျေးရွာ​နေသူများဖြစ်​သည့် ဦးငဆန်း(၆၀)နှစ်​နှင့် ဦးဝင်းနိုင်​(၅၄)နှစ်​တို့သည်​ နိုဝင်​ဘာ ၆ ရက်​ ​နေ့လည်​ ၁၂ နာရီခန့်​က ဦးဝင်းနိုင်​၏လယ်​​စောင့်​တဲ​ရှေ့ မီးဖို​ချောင်​တွင်​ အရက်​အတူ​သောက်​​နေရာမှ ကျွဲခြံမိုး​သော မိုးကာစ​ပျောက်​ဆုံးသည့်ကိစ္စနှင့်ပတ်​သက်​ပြီး စကားများရာမှ ဦးဝင်းနိုင်​က အရှည်​(၁)​ပေခန့်​ရှိ သံတုတ်​ဖြင့် ရိုက်​ခဲ့သည်​ဆိုသည်။

ယင်း​နောက်​ လူသတ်​မှုဖြစ်​ပွား​ကြောင်း သတင်းအရ ဗန်း​မော်​မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်း​ဝေမြင့်​နှင့်​အဖွဲ့၊ မြို့သစ်​နယ်​​မြေရဲစခန်းမှူး ရဲအုပ်​စိုးကို​အောင်​နှင့်​အဖွဲ့က ဖြစ်​စဉ်​သိရှိနိုင်​​ရေးနှင့် ပြစ်​မှုကျူးလွန်​သူအား ဖမ်းဆီးရမိ​ရေးအတွက်​ အခင်းဖြစ်​ပွား​နေရာသို့ သွား​ရောက်​စစ်​​ဆေးခဲ့သည်။

 ဦးငဆန်းတွင်​ ဝဲနားထင်​​ပေါက်​ပြဲ သွေးထွက်​ ဒဏ်ရာ(၁)ချက်​၊ ဝဲဦး​ခေါင်း​နောက်​​စေ့​ပေါက်​ပြဲ​သွေးထွက်​ဒဏ်​ရာ(၁)ချက်​၊ ဝဲမျက်​လုံးစွန်း​ပေါက်​ပြဲ​ သွေးထွက်​ဒဏ်​ရာ(၁)ချက်​၊ ဝဲဘက်​ပါး​ပေါက်
ပြဲ​သွေးထွက်​ဒဏ်​ရာ(၁)ချက်​၊ ယာချိုင်း​နောက်​ပွန်းပဲ့ဒဏ်​ရာ(၁)ချက်​တို့ဖြင့်​ ဝါးစင်​​ပေါ်တွင်​ ယာဘက်​​စောင်းလျက်​ ​သေဆုံး​နေသည်​ကို ​တွေ့ရသည်​ဆို၏။

ဖြစ်​စဉ်​နှင့် ပတ်​သက်​ပြီး ပြစ်​မှုကျူးလွန်​သူ ဝင်းနိုင်​(၅၄)နှစ်​အား ဗန်း​မော်​မြို့မရဲစခန်းက (ပ)၂၆၆ /၂၀၁၇ အမှုကြီးအမှတ်​စဉ်​ ၉/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ ဖြင့် ဖမ်းဆီးအ​ရေးယူထား​ကြောင်းသိရသည်​။

ဗန်းမော်ပွင့်သစ်
မိုးကာ​ပျောက်​သည့် ကိစ္စ စကားများပြီး လူသတ်​မှုဖြစ်​ပွား  မိုးကာ​ပျောက်​သည့် ကိစ္စ စကားများပြီး လူသတ်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.