ကျောက်ကုမ္ပဏီ အတွင်း လုပ်ကွက်စောင့်ရဲ၁ဦး သေဆုံးပြီး ရေမဆေး ၂ဦးသေဆုံးသည့် ပြသာနာဖြစ်ပွား


မြစ်ကြီးနား နိုဝင်ဘာ ၇

ပတ္တမြားနဂါး ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တွင်ရေမဆေးရှာသူများနှင့် လုပ်ကွက်စောင့် တာဝန်ကျရဲများ ပြသနာဖြစ်ပွားရာမှ ရဲတစ်ဦးသေဆုံးပြီး ရေမဆေးရှာသူ နှစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

ဖားကန့်မြို့နယ် ၊နမ့်မှော်ကျေးရွာအနီး နိုင်ငံတော်နှင့်အကျိုးတူ ပတ္တမြားနဂါး ကျောက်မျက်ကုမ္ပဏီလုပ်ကွက်တွင် ရေမဆေးရှာသူများနှင့် လုပ်ကွက်စောင့် တာဝန်ကျရဲများ ပြသနာဖြစ်ပွားရာမှ
လုပ်ကွက်စောင့်ရဲ၁ဦး သေဆုံးပြီး ရေမဆေး ၂ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

``ရဲဘက်က ဒုတပ်ကြပ်အောင်ခိုင်နဲ့ ရေမဆေးရှာတဲ့ ခင်မောင်ဝင်းကို ဖားကန့်ဆေးရုံပို့ပြီး ဆေးကုသနေတုန်းမှာ သေဆုံးသွားတာပါ´´ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ဒုတိယရဲမှုးကြီး မျိုးသူရနောင် ကပြောသည်။

နိုဝင်ဘာ ၆ရက် ညနေ၄နာရီကျော်တွင် ရဲတပ်ဖွဲ့(၃၀)ခွဲ(၂)နမ့်မှော်အခြေပြုမှ ရဲအုပ် ကျော်တေဇနှင့် တပ်ဖွဲ့ဝင်၉ဦးတို့သည်ပတ္တမြားနဂါးကုမ္ပဏီလုပ်ကွက်အတွင်း လုံခြုံရေးတာဝန်ကျနေစဉ် ရေမဆေးကျောက်ရှာသူ ၅၀၀ဦးခန့်သည် လုပ်ကွက်အတွင်း အတင်းဝင်ရောက်လာပြီး စိန်တူ ၊ ခဲများဖြင့် အတင်းဝင်ရောက် ပစ်ခတ်ရာမှ ဒုတပ်ကြပ်အောင်ခိုင်သည် သေနတ်ဖြင့် ကမ်းပါးယံသို့ ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ကျောက်ခဲစသည် အောင်ပိုင်စိုး၏ ဦးခေါင်းနောက်စေ့သို့ ထိမှန်ပြီးလဲကျစဉ် ဦး​ခေါင်းနှင့် မြေပြင်ရှိ ကျောက်တုံးဖြင့် ထိခိုက်မိပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေမဆေးရှာသူများမှာ အတင်းဝင်ရောက်၍ ထပ်မံရန်ပြုလာသဖြင့် ရဲဒုတပ်ကြပ်အောင်ခိုင်မှ ပစ်ခတ်ရာ ရေမဆေးရှာသူ ခင်မောင်ဝင်း၏ ယာဘက်ပေါင်ရင်း ရှေ့ဘက်သေနတ်ကျဉ်ဆံ ဖောက်ဝင်ဒဏ်ရာ၁ချက် ယာတင်ပါး ပွင့်ထွက်ဒဏ်ရာ၁ချက်နှင့် ဒုတပ်ကြပ်အောင်ခိုင်တွင် ယာပါးဒဏ်ရာ၁ချက် နဖူးယာဘက်ဒဏ်ရာ၁ချက် ယာချိုစောင်းဒဏ်ရာ၁ချက်နှင့် ရဲတပ်ဖွဲ့ဝင်၈ဦး ဒဏ်ရာများရရှိခဲ့ကာ ခင်မောင်ဝင်းနှင့် ဒုတပ်ကြပ်အောင်ခိုင်မှာ ဖားကန့်ဆေးရုံသို့တင်ပို့ကုသစဉ် နှစ်ဦးလုံး သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံး၏ မှတ်တမ်းများ အရသိရသည်။

မီးမီး
EPN / ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်
https://www.facebook.com/epngnews
ကျောက်ကုမ္ပဏီ အတွင်း လုပ်ကွက်စောင့်ရဲ၁ဦး သေဆုံးပြီး ရေမဆေး ၂ဦးသေဆုံးသည့် ပြသာနာဖြစ်ပွား ကျောက်ကုမ္ပဏီ အတွင်း လုပ်ကွက်စောင့်ရဲ၁ဦး သေဆုံးပြီး ရေမဆေး ၂ဦးသေဆုံးသည့် ပြသာနာဖြစ်ပွား Reviewed by THITHTOOLWIN on 17:24 Rating: 5
Powered by Blogger.