အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ် ကွမ်းယာဆိုင်ဝင်တိုက်မိ နှစ်ဦးသေဆုံး


မကွေး ၁၈ နိုဝင်ဘာ

မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအုပ်စု ချမ်းမြေ့သာယာကျေးရွာ နတ်မောက်လမ်း ဖန်ခါးမြေဂေါက်ကလပ်အနီးတွင် နိုဝင်ဘာလ ၁၈ ရက်နေ့  ယနေ့ နံနက် ၇ နာရီခန့်တွင် မော်တော်ယာဉ်တစ်စီးက အရှိန်မထိမ်းနိုင်ဘဲ ကွမ်းယာဆိုင်အား ဝင်တိုက်မိခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


ယာဉ်မောင်း အာကာကျော် ၃၉နှစ် (၃၃)လမ်း၊ ရန်နိုင်ရပ်၊ မကွေးမြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ် 6N/---------၊ BONGO(II)အား အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် အရှေ့ယာဉ်အားကျော်တက်ရာမှ အရှိန်မထိန်း နိုင်ဘဲ လမ်း၏ ယာဘက်ရှိ ပလက်ဖောင်းအားကျော်လွန်၍ အနီးရှိကွမ်းယာဆိုင်အား ဝင်တိုက်မိခဲ့ရာ မကွေးမြို့၊ မြင်သာရပ်ကွက်တွင် နေထိုင်သူ ကိုတူးနိုင် ၃၁ နှစ် (ကွမ်းယာရောင်း)နှင့် ၎င်း၏ဇနီးဖြစ်သူ မအိအိချောတို့ သေဆုံးခဲ့ပြီး ယာဉ်မောင်း ကိုအာကာကျော်တွင် နဖူးကွဲ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ယာဉ်မောင်းအာကာကျော်အား မကွေးမြို့မရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

မျိုးမင်းဦး(မကွေး)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ် ကွမ်းယာဆိုင်ဝင်တိုက်မိ နှစ်ဦးသေဆုံး အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ် ကွမ်းယာဆိုင်ဝင်တိုက်မိ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.