ရေးမြို့နယ် ၌ ကားရောင်းမိရာကနေ မကျေနပ်ရာမှ လူသတ်မှုဖြစ်ပွား


မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ကိုးမိုင်ကျေးရွာအုပ်စု ၁၄မိုင် ရေး ထားဝယ်သွားလမ်းဘေး၌ နိုဝင်ဘာ ၁၇ရက်နေ့ ည၇နာရီ ၁၅ မိနစ်အချိန်ကဘုန်းကြီးကျောင်းအားလှူဒါန်းထားသောကားရောင်းလိုက်သည့်ကိစ္စနဲ့ ပက်သက်ပြီး မကျေနပ်မိရာကနေ လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဒေါ်ရွှေညို ရဲ့ ခင်ပွန်းဖြစ်သူ ဦးဝင်းနိုင်၊ သားဖြစ်သူ သောင်းထွန်းဦး နဲ့အတူ ရေး - ထားဝယ်ကားလမ်းဘေးရှိ မစိုးရိမ်တောရဘုန်းကြီးကျောင်းရှိ လှူဒါန်းထားသော ကားအား တစ်ရွာတည်းနေ ဦးလှမြင့်မှ ရောင်းလိုက်သည်ကို ခင်ပွန်းဖြစ်သူ ဦးဝင်းနိုင်မှ ဝင်ရှုပ်သည်ဟု ထင်ကာ မကျေမနပ်ဖြစ်ရာကနေ ကားလမ်းဘေးတွင် ဈေးဆိုင်ဖွင့်ထားသော လှမျိုးဦးအား အသင့်ကိုင်ထားသော ဓါးမြှောင်ဖြင့် ထိုးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဓါးထိုးရာတွင် သောင်းထွန်းဦးအား မထိမိဘဲ လှမျိုးဦး ၏ဖခင် ဦးလှမြင့် ခြေတဖက်ပြတ်နေသူမှလက်ထောက်တုတ်အား ကိုင်ဆောင်၍ အမြန်လမ်းလျှောက်လာပြီး ဦးဝင်းနိုင်အား လက်ထောက်စတီးတုတ်ဖြင့် ရိုက်သဖြင့် ဦးဝင်းနိုင်မှာ ဖင်ထိုင်လဲကျ သွားစဉ် ဦးလှမြင့်မှ ဦးဝင်းနိုင်အား နောက်မှ ဖက်ချုပ်ကာ လှမျိုးဦးမှ အရိုးသွား ၁၂လက်မခန့်ရှိ ဓါးမြှောင်ဖြင့်ထိုး ခဲ့ရာ အခင်းဖြစ်ပွားနေရာမှာ ပင် ခင်ပွန်းဖြစ်သူ ဦးဝင်းနိုင်သေဆုံး ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်များနဲ့ပက်သက်၍ ခင်ပွန်းဖြစ်သူ ဦးဝင်းနိုင် သေဆုံးခဲ့ပြီး ဒေါ်ရွှေညိုလည်း ဝဲပုခုံးညိုမဲဒဏ်ရာရ ရှိကာ ခေါဇာနယ်မြေရဲစခန်းမှ လှမျိုးဦး ဦးလှမြင့် တို့အား အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

နေမျိုးထွဋ် - ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေးမြို့နယ် ၌ ကားရောင်းမိရာကနေ မကျေနပ်ရာမှ လူသတ်မှုဖြစ်ပွား ရေးမြို့နယ် ၌ ကားရောင်းမိရာကနေ မကျေနပ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.