ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်တွင် ကျပ်​သိန်း​ပေါင်း ၁၉၅၀၀ တန်​ဖိုးရှိ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ


ရခိုင်ေ​ဂဇက်​၊နိုဝင်​ဘာ၁၄

ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်တွင် စိတ်ကြွဆေးပြား ကိုးသိန်းခုနစ်သောင်းငါး
ထောင်ကို နိုဝင်ဘာ ၁၃ ရက်ညနေ ၄နာရီ ၃၀ ခန့်​က ဖမ်းဆီးရမိခဲ့ကြောင်း ဘူးသီးတောင်မြို့
မရဲစခန်းမှ သိရသည်။

``မနေ့က ညနေ ၄ နာရီခွဲလောက်ကဖမ်းမိတာပါ။ သတင်းအရ အိမ်ကိုဝင်ရောက်ရှာဖွေရာက အိမ်ရဲ့သံသေတ္တာထဲကတွေ့တာပါ။ ဖမ်းမိတာက WYအမှတ်တံဆိပ်ပါဆေးပြား ၉၇၅၀၀၀ ဖမ်းမိတာပါ"ဟု ဘူးသီးတောင်မြို့မရဲစခန်းမှ ဒုရဲမှူးသောင်းကြွယ်မှ ရခိုင်ဂေဇက်သို့ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် သတင်းနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်း ၏ နေအိမ်အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများပေါ်ထွက်ခဲ့သော်လည်း အဆိုပါဆေးပြားများဖမ်းဆီးရမိသည့် အိမ်မှာ ဦးရဲသိန်း၏မိခင်နှင့် ညီအစ်ကိုမောင်နှမများသာနေထိုင်ပြီး ဦးရဲသိန်းမှာ နေထိုင်ခြင်းမရှိကြောင်း ၊ယခု ဖမ်းဆီးရမိသောဆေးများမှာ မိမိနှင့် မည်သို့မျှမသက်ဆိုင်ကြောင်း ဘူးသီးတောင်မြို့နယ် NLDဥက္ကဌ ဦးရဲသိန်းမှပြောဆိုခဲ့သည်။

“စခန်းမှူးက ကကျွန်တော့်ကို သတင်းရလို့ အိမ်မှာ ရှာဖွေမယ်ပြောပါတယ်၊ ကျွန်တော်ကလည်း ရှာပါဆိုပြီးပြောပါတယ်၊ အဲမှာ သေတ္တာထဲ ကဆေးတွေမိတယ် ၊ အိမ်က အမေနဲ့ကျန်တဲ့မောင်နှမတွေနေတာ၊ကျွန်တော်က NLDပါ တီရုံးမှာနေတာကြာပြီ ၊အိပ်လည်းအာ့မှာအိပ်တယ်။ခုဆေးတွေ လည်း ကျွန်တော်မသိဘူး၊အိမ်ရှေ့မှာ အုတ်တွေ ရောက်နေတာလည်းတွေ့လို့ ဘယ်က ရောက်လာတာလဲမေးတော့ ဘသိန်းမောင် ရဲ့ အုတ်တွေ လို့ပြောတယ်။သေတ္တာ ကလည်း အုတ်သယ်ကားနဲ့ အတူပါလာတာပြောတယ်”ဟု ဘူးသီးတောင်မြို့နယ် NLDဥက္ကဌ ဦးရဲသိန်း
မှပြောသည်။

ဦးဘသိန်းမောင်မှာ ၄င်း၏ညီနှင့် ရင်းနှီးကြောင်း၊ အရက် မကြာခဏ အတူသောက်နေသူ
ဖြစ်ပြီး၊ ယခု NLD ဥက္ကဌ ထံမှ ဆေးများမိသည် ဟုပြောဆိုနေခြင်းမှာ လုံးဝလက်မခံကြောင်း၊
ထိုကိစ္စအား သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ဦးရဲသိန်းမှဆိုသည်။

`အခုဖမ်းမိတာက NLD ပါတီ ဥက္ကဌ ဦးရဲသိန်းအိမ်ကမဟုတ်ပါဘူး။ သူ့ညီအိမ် ဦးစိုးပိုင်အိမ်ကဖမ်းမိတာပါ ဦးရဲသိန်းက ရုံးမှာအိပ် ရုံးမှာစား ရုံးမှာနေတာပါ သူ့ညီဆီက ဖမ်းမိတာပါ။ ခုကဦးစိုးပိုင်ကိုဖမ်းမိပါပြီ။ အမှုမှာ ပါဝင်တဲ့ နောက်တစ်ယောက်ကတော မမိသေးဘူး သူကတော့ဘသိန်းမောင်ပါ" ဟု ဘူးသီးတောင်မြို့မစခန်းမှဒုရဲမှူးသောင်းကြွယ်​မှပြောသည်။

အဆိုပါအမှုနှင့်​ပတ်​သက်​၍ ဘူးသီး​တောင်​မြို့ ရဲစခန်းတွင်​အမှုဖွင့်​ထားပြီး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် စိုးပိုင်ဆိုသူအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇွဲလင်းနို​င်​(စစ်​​တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်တွင် ကျပ်​သိန်း​ပေါင်း ၁၉၅၀၀ တန်​ဖိုးရှိ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်တွင် ကျပ်​သိန်း​ပေါင်း ၁၉၅၀၀ တန်​ဖိုးရှိ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.