မန္တလေးတွင် လူသတ်မှုဖြစ်ပွား

ရွှေမန်းတောင်ဘော်​လုံးကွင်းရှိ လူ​နေတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူ ဒဏ်​ရာများဖြင့်​ သေဆုံးနေ
မန္တ​လေးမြို့၊ အောင်မြေသာစံမြိုနယ် ရွှေမန်းတောင်ဘော်​လုံးကွင်းရှိ လူ​နေတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်သူ စိုင်းလုံ(၃၇)နှစ်၊ (ဘ)ဦးကိုကိုသည် မိဘများရှိရာ ဒေါနဘွားရပ်ကွက်နေအိမ်သို့ ထမင်းပြန်မစားသဖြင့် မိခင်ဖြစ်သူ ​ဒေါ်ဌေးဌေးညွှန့်က နိုဝင်​ဘာ ၁၄ ရက်​ နံနက်​ ၁၁ နာရီအချိန်ခန့်က လာရောက်ရာ တံခါးသော့ခတ်ထားသဖြင့် ​ဘေးအခန်းများအကူအညီဖြင့် ​သော့ဖျက်ဝင်ရောက်ကြည့်ရှုရာ ဒဏ်​ရာများဖြင့်​ သေဆုံးနေသည်​ကို ​တွေ့ရှိရ​ကြောင်း သတင်းရရှိသည်​။


အဆိုပါဖြစ်​စဉ်​အား အမှတ်​ (၂) နယ်​​မြေရဲစခန်းသို့ အ​ကြောင်းကြားရာ ရဲစခန်းမှူးနှင့် ရဲတပ်​ဖွဲ့ဝင်​များ၊ CID တပ်​ဖွဲ့ဝင်​များ လာရောက်စစ်ဆေးရာ ​သေဆုံးသူထံမှ ဆွဲကြိုး၊ လက်စွပ်၊ ဖုန်းနှင့်​ ဆိုင်​ကယ်​ ​ပျောက်​ဆုံး​နေ​ကြောင်း သိရှိရပြီး အမှုမှန်​​ပေါ်​ပေါက်​​ရေးအတွက်​ စုံစမ်းစစ်​​ဆေး​နေ​ကြောင်း သိရသည်​။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးတွင် လူသတ်မှုဖြစ်ပွား မန္တလေးတွင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.