သာကေတမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် (၃)ဦးသေ၊ (၄)ဦး ဒဏ်ရာရရှိ


နိုဝင်ဘာလ ၅ ရက်နေ့  ည(၁)နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြိုနယ် ဧရာဝဏ်လမ်းမကြီး 360 ဆီဆိုင်ရှေ့မှာ TownAce 9D-7043 ယာဉ်ဖြင့် လမ်းလျှောက်နေသူများအား တိုက်မိရာ ၃ ဦးသေဆုံးပြီ ၄ ဦးဒါဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းအတိုင်း အဝိုင်းဘက်မှ ကျောက်တိုင်ဘက်သို့ စိုးနိုင်(ခ)သန်းဝင်း၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူ မောင်းနှင်လာသော 9D/ 7043၊ Light Truck ယာဉ်သည် ထူပါရုံ မှတ်တိုင်အလွန် အရောက်၌ လမ်းလျှောက်နေသူ မိုးအောင်(ခ) မိုးလေး၊ (၄၅)နှစ်၊ (၆/အရှေ့) ရပ်ကွက်၊ သာကေတမြို့နယ်နေသူပါ အမျိုးသား(၇)ဦးအား အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် မိုးအောင်(ခ)မိုးလေးပါ (၃)ဦးတွင် ဦးခေါင်းထိပ် ပွင့်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ရပ်၌ သေဆုံးခဲ့ပြီး ရဲလင်းထွန်း၊ (၂၂)နှစ်၊ (၆/အရှေ့)ရပ်ကွက် သာကေတမြို့နယ်နေသူပါ (၄)ဦးတွင် ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာ များ(မစိုးရိမ်ရ)ရရှိခဲ့သည်။

ယာဉ်မောင်း စိုးနိုင်(ခ)သန်းဝင်း(ဖမ်းမိ)အား သာကေတနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၄၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေစေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု/ယာဉ်မဆင်မခြင် မောင်းနှင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဓါတ်ပုံ - Sein Din ( ကိုစန်းမောင် )
သာကေတမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် (၃)ဦးသေ၊ (၄)ဦး ဒဏ်ရာရရှိ သာကေတမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် (၃)ဦးသေ၊ (၄)ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.