ထားဝယ်မြို့နယ်၌ လက်နက်နှင့် ကျည်တောင့်များ ဖမ်းဆီးရမိ


၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ၀၈၃၀ အချိန် ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသော ရတခလရ(၅၈၃)မှ တပ်မတော်သားများသည် ထိုင်းနိုင်ငံသား(၃)ဦးနှင့် မြန်မာနိုင်ငံသား(၁)ဦးထံမှ ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကဒ် (၂)ကဒ်၊ ၎င်းကျည်(၂၄)တောင့်အား ဖမ်းဆီးရမိကြောင်း သိရပါသည်။


ထားဝယ်မြို့ နယ် ဝါတော ကျေးရွာ၌ ၁ဂ/×××× ဟိုင်းလတ်ယာဉ်ဖြင့် ထိုင်းနိုင်ငံသား Mr.Surmourchot Rum Thary(ခ) ပီချေ၊ (၅၄)နှစ် ပါ ကျား(၄)ဦး(ထိုင်း ၃၊ မြန်မာ ၁)တို့အား မသင်္ကာ၍ စစ်ဆေးရာမှ ဖမ်းဆီးမိခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်ပေါ်ပါအိတ် အတွင်းမှ အမေရိကန်နိုင်ငံထုတ် ပွိုင့် ၄၅ ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကဒ်(၂)ခု၊ ၎င်းကျည်(၂၄) တောင့်၊ ထိုင်းဘတ်ငွေ(၁၃၀၀၀)တို့အား သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသူ (၄)ဦးအား အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ