မိခင်အားဆဲဆိုသည့် အစ်ကိုကို ညီဖြစ်သူက ဓားဖြင့်ထိုးရာမှ သေဆုံးမှုဖြစ်


ရန်ကုန် နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့ နယ် (၁၆)ရပ်ကွက်တွင် မိခင်ဖြစ် သူအားဆဲဆိုသော အစ်ကိုဖြစ်သူ ကို ညီဖြစ်သူကဓားဖြင့်ထိုးသဖြင့် သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၁ဝ နာရီတွင် အစ်မဖြစ်သူ မမြတ်ကေ ခိုင်(၂၉နှစ်) (၇)ရပ်ကွက် သောင် ကြီးလမ်း လှိုင်သာယာ နေအိမ်တွင် ရှိနေစဉ် လှိုင်သာယာမြို့နယ် (၁၆) ရပ်ကွက် မင်းတပ်(၂)လမ်း အမှတ် (၄၉၉)တွင် နေထိုင်သော မိခင်ဖြစ် သူ ဒေါ်သီတာမြင့်(၄၅နှစ်)က ဖုန်း ဖြင့်ဆက်ပြီး ၄င်း၏မောင်ဖြစ်သူ ဟိန်းသူရဇော်(၂၃နှစ်)မှာ ဓားထိုး ခံရကြောင်း အကြောင်းကြားသဖြင့် မိခင်၏နေအိမ်သို့ သွားရောက်ခဲ့ရာ ဟိန်းသူရဇော်တွင် ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်တွေ့ရှိရသည်။

 အကျိုးအကြောင်းမေးမြန်းရာ ဟိန်းသူရဇော်သည် အရက်မူးပြီး ည ၉နာရီခွဲတွင် မိခင်ဖြစ်သူ နေအိမ်သို့ ရောက်ရှိလာကာ မိခင် ဖြစ်သူ ဒေါ်သီတာမြင့်အား ဆဲဆို နေသဖြင့် ညီဖြစ်သူ ဖြိုးစည်သူက ဝင်ရောက်တားမြစ်စဉ် စကားများ ပြီး ညီအစ်ကိုနှစ်ယောက်လုံးထွေး သတ်ပုတ်ရင်း ညီဖြစ်သူဖြိုးစည်သူ က အစ်ကိုဖြစ်သူ ဟိန်းသူရဇော် အားဓားဖြင့်ထိုး၍ ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောပြ သိရှိရသည်။

 ဟိန်းသူရဇော်အား ဆေး ကုသမှုခံယူစေရန် လှိုင်သာယာ ဆေးရုံသို့တင်ပို့စဉ် လမ်းတွင် သေဆုံးသွားသဖြင့် ဟိန်းသူရဇော် အား ဓားဖြင့်ထိုးသူ မောင်အငယ် ဖြိုးစည်သူအား ဥပဒေအရအရေး ယူပေးပါရန် အစ်မဖြစ်သူ မမြတ် ကေခိုင်က တရားလိုပြုလုပ်တိုင် တန်းသဖြင့် အမှုအား လှိုင်သာယာ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်မှ လက်ခံစစ်ဆေးခဲ့သည်။

 စခန်းမှူးဒုရဲ မှူးဝင်းနိုင်၊ နယ်ထိန်းအရာရှိ ဒုရဲ အုပ်ကျော်ခိုင်သက်နှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန် သူအား ဖမ်းဆီးရမိရေး လိုက်လံ စုံစမ်းဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူ ဖြိုးစည်သူအား အခင်းဖြစ်ပြီး တစ်နာရီခန့်တွင် လှိုင်သာယာမြို့ နယ်(၆)ရပ်ကွက် ရန်ကုန်-ပုသိမ် ကားလမ်းရုံးရှေ့မှတ်တိုင်အနီးတွင် ဖမ်းဆီးရမိပြီး သက်သေခံဓားကို သိမ်းဆည်းကာ ပြစ်မှုကျူးလွန်သူ ဖြိုးစည်သူ(၂၁နှစ်)အား လှိုင်သာယာ မြို့မ ရဲစခန်းက (ပ)၄၃၆၃/၂ဝ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ ဖြင့်အမှုဖွင့်၍ စခန်းမှူးဒုရဲမှူး ဝင်းနိုင်က စစ်ဆေးဆောင်ရွက်နေ ကြောင်း သိရသည်။

စွန်ရဲ(လှိုင်သာယာ)
The Union Daily
https://www.facebook.com/uniondaily.net
မိခင်အားဆဲဆိုသည့် အစ်ကိုကို ညီဖြစ်သူက ဓားဖြင့်ထိုးရာမှ သေဆုံးမှုဖြစ် မိခင်အားဆဲဆိုသည့် အစ်ကိုကို ညီဖြစ်သူက ဓားဖြင့်ထိုးရာမှ သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 18:36 Rating: 5
Powered by Blogger.