မွတ်စလင်တွေ သုတ်သင်ရှင်းလင်းခံနေရတဲ့အပေါ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကိုတင်မည်ဟု ပြော

Photo: UNHCR (ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားက ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကို တွေ့ရစဉ်)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ သုတ်သင်ရှင်းလင်းခံနေရတဲ့အပေါ်၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတာနဲ့ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကိုတင်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Pramila Patten က ပြောပါတယ်။

လိင်အကြမ်းဖက်ခံခဲ့ရသူတွေအတွက် အထူးဝန်ဆောင်မှုတွေပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၀ သန်း ၀န်းကျင် လိုအပ်ကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားက ဒုက္ခသည်စခန်းတွေကို သုံးရက်ကြာ သွားရောက်ကြည့်ရှုခဲ့အပြီး ဒါကာမြို့မှာ ပြောကြားလိုက်တာပါ။ နယူးယောက်ကို ပြန်ရောက်တာနဲ့ ဒီကိစ္စ ICC ဥက္ကဌ ကို တင်ပြမယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လိင်အကြမ်းဖက်မှုကို လူမျိုးတုံးရှင်းလင်းရေးအတွက် လက်နက်သဖွယ် အစီအစဉ်ရှိရှိ သုံးစွဲနေကြောင်းလည်း ပြောပါတယ်။

ဒါ့ပြင် ကောက်စ်ဘဇားက ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ အကျဉ်းချုပ်တင်ပြမှာဖြစ်ပြီး၊ လာမယ့်နှစ် မတ်လမှာတင်သွင်းမယ့် နှစ်လည်အစီရင်စာမှာလည်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်းတင်ပြမယ်လို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ