ထရမ့်ဟာ ပူတင် ကြိုးဆွဲသလို ကနေရတယ်လို့ ကန် ထောက်လှမ်းရေး အရာရှိဟောင်းတွေ ပြောဆို

Photo: Donald J. Trump (အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို တွေ့ရစဉ်)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတ ပူတင် ကြိုးဆွဲသလို ကနေရတယ်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်းနှစ်ဦးက ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြီးခဲ့တဲ့ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့အပေါ် ပူတင်က ငြင်းဆိုခဲ့ပြီးတဲ့နောက်၊ ထရမ့်က ပူတင်ဟာ ရိုးရိုးသားသား ပြောဆိုတာလို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ အဲသလို ပြောလိုက်ပြီးတဲ့နောက် အမေရိကန်ဗဟိုထောက်လှမ်းရေး CIA ညွှန်ကြားရေးမှူးဟောင်း John Brennan နဲ့ အမျိုးသားထောက်လှမ်းရး ညွှန်ကြားရေးမှူး James Clapper တို့က ထရမ့် အပေါ် ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ပူတင်ဟာ ထရမ့်အပေါ် နိုင်ကွက်ရှိနေပုံရတယ်လို့ John Brennan က ပြောလိုက်ပြီး၊ James Clapper ကလည်း တရုတ်နဲ့ ရုရှဟာ ထရမ့်ကို လိုသလိုကစားနိုင်ကြတယ်လို့ CNN သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောဆိုခဲ့ကြပါတယ်။

ဒီအတွင်း ဖိလစ်ပိုင်မှာ ကျင်းပမယ့် အာဆီယံညီလာခံ တက်ရောက်မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မနီလာမြို့ကို မရောက်ခင် နာရီအနည်းငယ်အလိုမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ အမေရိကန်သံရုံးရှေ့ကို ချီတက်ခဲ့ကြလို့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ရေပိုက်တွေ အသုးံပြုပြီး လူစုခွဲခဲ့ရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ထရမ့်ဟာ ပူတင် ကြိုးဆွဲသလို ကနေရတယ်လို့ ကန် ထောက်လှမ်းရေး အရာရှိဟောင်းတွေ ပြောဆို ထရမ့်ဟာ ပူတင် ကြိုးဆွဲသလို ကနေရတယ်လို့ ကန် ထောက်လှမ်းရေး အရာရှိဟောင်းတွေ ပြောဆို Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.